ဝိန်းရွှန်းနီ က အာဆင်နယ် အသင်း အနေနဲ့ လာမယ့် အပတ်ထဲမှာ ကစားရမယ့် မန်ချက်စတာစီးတီး အသင်းနဲ့ ပွဲမှာ အာလင်ဟာလန်း ကို အရမ်းကြီး အာရုံစိုက်မနေဘဲ မန်စီးတီး အသင်း ခံစစ် ကစားသမားတွေကို ဒုက္ခ ပေးနိုင်ရေး အဓိက လုပ်ဆောင် သင့်တယ်လို့ အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။
” သူတို့ အာလင်ဟာလန်း ကို ဘယ်လို ရပ်တန့်ကြမလဲ ၊ ဆာလီဘာ ကလည်း ဒဏ်ရာ ရနေပါတယ် ၊ အာဆင်နယ် အသင်းမှာ ဟာလန်း ကို တစ်ဦးချင်း အမြန်နှုန်း ၊ ပါဝင်ချင်း ယှဉ်ကစားနိုင်မယ့် ကစားသမားမျိုး မတွေ့မိပါဘူး ၊ သူတို့ လုပ်ရမယ့် တခုတည်းသော နည်းလမ်း က ကိုယ့်ရဲ့ ကစားပွဲ ဖြစ်သွားအောင် ကြိုးစား ကစားဖို့ပါပဲ ။ ”
” တိုက်စစ် ခံစစ် အကူးအပြောင်းတွေမှာ စီးတီးကို ထိုးနှက် တိုက်ခိုက် နိုင်ဖို့ လိုအပ်ပါတယ် ၊ ဘိုင်ယန်မြူးနစ် နဲ့ ပွဲမှာ ဒါကို သိသိသာသာ မြင်နိုင်ပါတယ် ၊ ဘိုင်ယန် ဘောလုံး ပိုင်ဆိုင်မှု ပြန်ရပီး မန်စီးတီး ခံစစ် ကို ကျော်ဖြတ် နိုင်ခဲ့တဲ့ အချိန်မျိုးလိုပေါ့ ၊ အဲ့ဒီတုန်းက ဆာနေး အနေနဲ့ ဂိုးသွင်း နိုင်ခဲ့သင့်တာပါ ။ ”
” မန်စီးတီး အသင်းနဲ့ ပွဲမှာ အခွင့်အရေးတွေကတော့ ပေါ်ပေါက်လာမှာပါပဲ ၊ အာဆင်နယ် အသင်းမှာ ဘိုင်ယန်မြူးနစ် လို မဟုတ်ဘဲ ရလာတဲ့ အခွင့်အရေးတွေကို အမိအရ အသုံးချ နိုင်တဲ့ ဘူကာရို ဆာကာ ၊ ဂါဘရီရယ် မာတင်နယ်လီ ၊ ဂါဘရီရယ် ဂျေးဇု တို့လို ကစားသမားတွေ ရှိပါတယ် ။ ”
” အာဆင်နယ် အနေနဲ့ ဟာလန်း ကို အရမ်းကြီး အာရုံစိုက်နေမယ့် အစား စီးတီး ခံစစ် ကစားသမားတွေကို ဒုက္ခပေးနိုင်အောင် ကြိုးစားသင့်ပါတယ် ။ နောက်ပြီး မန်စီးတီး နဲ့ ပွဲမှာ ‘ ငါတို့ ဒီနေရာကို ရောက်နေမယ်လို့ ဘယ်သူမှ မထင်မှတ်ထားကြပါဘူး ၊ အခု ငါတို့ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေကြပြီ ၊ ဒါကြောင့် ချန်ပီယံဆုကြီးကို အရယူကြမယ် ‘ ဆိုတဲ့ စိတ်ဓတ်မျိုးထားပြီး ကစားရမှာပါ ။ ”
” သူတို့သာ အဲ့ဒီလို စိတ်ဓတ် ခံယူချက် နဲ့ ကစားရင် တကယ့်ကို ပွဲကြီး ပွဲကောင်း ဖြစ်မှာပါ ။ သူတို့သာ ခံစစ်မှာ ထိုင်ပီး အခွင့်အရေးကို စောင့်ဆိုင်း ကစားနေမယ်ဆိုရင် အနှေး နဲ့ အမြန် သေမှာပါပဲ ၊ စီးတီး က တကယ် အံ့ဩဖို့ ကောင်းတဲ့ အသင်း တစ်သင်းပါ ၊ သူတို့ကို အသားကုန် ပိတ်ဆော့လို့ မရပါဘူး ။ ဒါကြောင့် စီးတီး ခံစစ် ကို တိုက်စစ်ဆင် ဒုက္ခ ပေးနိုင်ဖို့ လုပ်ဆောင် ရမှာပါ ။ နောင်တ မရနေအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။