ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက အာဆင်နယ် အသင်းဟာ ဒီရာသီ မန်ချက်စတာ စီးတီး အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် မရ ဖြစ်နေခဲ့တဲ့ စတာလင် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေခဲ့ကြောင်း သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။
ဆင်ကလဲယား ကတော့ စတာလင် အနေနဲ့ မန်စီးတီး ကနေ ထွက်ခွာပြီး အာဆင်နယ် ကို ထွက်ခွာသင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။
DailyMail ရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ မန်စီးတီး တိုက်စစ် ကစားသမား စတာလင် ကို ခေါ်ယူဖို့ အဓိက ပစ်မှတ် ထားနေပြီး အင်္ဂလန် လက်ရွေးစင်ဟာ လက်တစ်လောတွင် မန်စီးတီးမှာ ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရသူပါ ။
အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စတာလင် ဟာ ဒီရာသီ မန်စီးတီး အသင်းမှာ ပုံစံကောင်း သိပ်ပြသနိုင်ခြင်းလည်း မရှိခဲ့ပါဘူး ။ မန်စီးတီး ကစားသမားဟောင်း ဖြစ်သူ ဆင်ကလဲယား ကတော့ စတာလင် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ခုလို သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။
” ကျွန်တော်ပြောတာ မှားကောင်းမှားနိုင်ပါတယ် ၊ အခု မီဒီယာထက်မှာ ထွက်ပေါ် နေတဲ့ သတင်းတွေ ဖတ်ကြည့်ရသလောက်တော့ သူတို့က စတာလင်ကို ထွက်ခွာခွင့် ပေးဖို့ ပြင်ဆင် နေပုံ တွေ့ရပါတယ် ။ ”
” ဒီနွေရာသီမှာ စတာလင် ရဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာ ရှိတယ်လို့ ထင်ပါတယ် ၊ မန်စီးတီး အသင်းဟာ သူတို့ အသင်းက ကစားသမားအချို့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးဖို့ အသင့် ရှိနေတယ်လို့လည်း ကောလဟလ အချို့ ထွက်နေပါတယ် ။ ”
” သူ(စတာလင်) မန်စီးတီးမှာ ကစားခဲ့တဲ့ ခြေစွမ်းက တကယ့်ကို ထိပ်တန်းပါပဲ ၊ သူ့ကို ခေါ်ယူချင်နေကြတဲ့ အသင်းတွေ အများကြီး ရှိမယ်လို့ ထင်ပါတယ် ၊ နောက်ဆုံး သုံးလေးလ ခြေစွမ်းကို ကြည့်ရမှာ မဟုတ်ပါဘူး ၊ ပြီးခဲ့တဲ့ ကိုးနှစ် အတွင်း သူ့ရဲ့ ခြေစွမ်းကို ကြည့်ရမှာပါ ။ ”
” သူ့မှာ ဒဏ်ရာ ပြဿနာ ရှိပုံ မပေါ်ပါဘူး ၊ သူ့ပုံက စိတ်လှုပ်ရှား နေပုံပါပဲ ၊ အသင်းမှာ ကစားခွင့် မရ ဖြစ်နေတဲ့ အပေါ် စိုးရိမ်စိတ် ရှိနေပုံပါ ၊ ပရိသတ်တွေအားလုံးကို သူဟာ ထိပ်တန်းကစားသမားလို့ သက်သေ ပြခဲ့ပြီးပါပြီ ၊ ကျနော်ကတော့ သူ့အတွက် စိန်ခေါ်မှုအသစ်တွေ လိုအပ်တယ်လို့ ထင်ပါတယ် ၊ အသင်းရဲ့ ပုံစံနဲ့လည်း ကိုက်ညီတယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။