မန်စီးတီးဝါရင့်နောက်ခံကစားသမား ဝေါ်လ်ကာက မိမိအနေဖြင့် အသင်း၏ အမြဲတမ်း အသင်းခေါင်းဆောင်ဖြစ်လိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် အသင်းခေါင်းဆောင် ဂွန်ဒိုဂန် ဘာစီလိုနာသို့ ပြောင်းရွှေ့သွားပြီးနောက် အမြဲတမ်းအသင်းခေါင်းဆောင်ကို ရွေးချယ်ရခြင်းမရှိသေးဘဲ အသင်းကစားသမားများ၏ မဲပေးမှုဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ယခုရာသီတွင် မန်စီးတီးအသင်း၏ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့်နေရသည့် ဝေါ်လ်ကာက “မန်စီးတီးအသင်းရဲ့အသင်း ခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရတာဟာ ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ အသင်းခေါင်းဆောင်ရာထူးအတွက် မဲပေးရွေးချယ်မှုတွေ လာတော့မှာပါ။ ကစားသမားတွေက အသင့်တော်ဆုံးလူကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ကြပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ အမြဲတမ်းအသင်းခေါင်းဆောင်ဖြစ်ခွင့်ရဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာကို ၂၀၂၆ ခုနှစ်အထိ (၂)နှစ် သက်တမ်းတိုးစာချုပ်လည်း ချုပ်ဆိုထားသည်။