spot_img

မန်စီးတီးရဲ့ရှုံးပွဲအပြီး ပီအက်စ်ဂျီခြေစွမ်း ပိုမိုသာလွန်ကောင်းမွန်ခဲ့ပါတယ်လို့ ထုတ်ဖော်ဝန်ခံလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးရဲ့ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးမျှော်လင့်ချက် အကြီးအကျယ်ထိခိုက်စေခဲ့တဲ့ ပါရီမြေရှုံးနိမ့်မှုအပြီး နည်းပြပက်ဂွါဒီယိုလာက ပြိုင်ဘက်ပီအက်စ်ဂျီရဲ့ခြေစွမ်းပိုင်းဟာ သူ့အသင်းထက် အပြတ်အသတ်သာလွန်ကောင်းမွန်ခဲ့ပါတယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ ပက်ဂွါဒီယိုလာရဲ့အသင်းက ဒုတိယပိုင်းပွဲချိန်အတွင်း ပြိုင်ဘက်ကို နှစ်ဂိုးပြတ်အထိ ဦးဆောင်နိုင်ပြီးမှ လေးဂိုးပြန်ပေးရကာ ရှုံးနိမ့်ခဲ့တာပါ။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့်-၂၅ နေရာအထိ ကျဆင်းသွားပြီး ပြိုင်ပွဲမှတိုက်ရိုက်ထွက်ခွာရဖို့ နီးစပ်လာခဲ့ပါတယ်။

myan789

သူတို့တွေက အကြိုရှုံးထွက်အဆင့်ပွဲစဉ်ကစားနိုင်ဖို့အတွက် ဇန်နဝါရီ ၂၉ ရက်၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဘရုဂျက်ကို အိမ်ကွင်းမှာဧည့်ခံကစားချိန် မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်လာခဲ့ပါတယ်။

TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ကျွန်တော်တို့မှာလည်း အခိုက်အတန့်ကောင်းတွေ ရှိခဲ့သလို ပြိုင်ဘက်မှာလည်း အခိုက်အတန့်ကောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက ပိုကောင်းမွန်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။ သူတို့တွေက ပိုပြီးမြန်မြန်ဆန်ဆန်ကစားခဲ့သလို တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာလည်း အနိုင်ယူခဲ့ပါတယ်။ ကျွန်တော်တို့တွေ မထိန်းချုပ်ထားနိုင်ခဲ့ပါဘူး။ သူတို့တွေရဲ့ကစားပုံက အရမ်းမြန်ဆန်ခဲ့ပါတယ်။ ပိုကောင်းတဲ့အသင်း အနိုင်ရရှိခဲ့တာပါ။ ပွဲစဉ်က ကျွန်တော်တို့လိုချင်သလိုမျိုး ဘယ်တုန်းကမှ မဖြစ်လာခဲ့ပါဘူး။

ကိုယ်ကစားဖို့လိုအပ်တဲ့ပုံစံအတိုင်း ကစားသွားရပါမယ်။ ရလဒ်ကိုကာကွယ်နိုင်ဖို့ ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်ထားနိုင်ရပါမယ်။ အဲ့ဒီလိုမျိုး ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ သူတို့ကတောင် ပိုလုပ်နိုင်ခဲ့ပါသေးတယ်။ သူတို့အသင်းတိုက်စစ်ပိုင်းကလည်း ပိုကောင်းခဲ့ပါတယ်။ ပွဲစဉ်ပိုမိုခက်ခဲလာရတဲ့အကြောင်းရင်းက ဒါပါပဲ”လို့ ပြောပါတယ်။

Pep Guardiola admits PSG were better after City defeat

အခုရှုံးနိမ့်မှုက ပြီးခဲ့တဲ့နိုဝင်ဘာလ၊ ဖီယင်နုနဲ့ပွဲစဉ်မှာ အံ့ဖွယ်လဲပြိုကျခဲ့တဲ့ မန်စီးတီးအသင်းကို အမှတ်ရမိစေပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းက အဲ့ဒီပွဲစဉ်မှာ သုံးဂိုးပြတ်အထိ ဦးဆောင်နိုင်ပြီးမှ သုံးဂိုးပြန်ပေးရကာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံမန်စီးတီးအသင်းရဲ့ အုပ်စုအဆင့်မှထွက်ခွာရနိုင်မှုအလားအလာအကြောင်း မေးမြန်းချိန် ပက်ဂွါဒီယိုလာက “ ဖြစ်နိုင်ချေရှိပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်။ ကျွန်တော်တို့သာ ဘရုဂျက်ကို အနိုင်မရရှိဘူးဆိုရင် ကျွန်တော်တို့တွေ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ မထိုက်တန်ဘူးလို့ ယူဆရပါမယ်။ ကျွန်တော်တို့အတွက် အဝေးကွင်းပွဲစဉ်အားလုံး ခက်ခဲခဲ့ပြီး ဒါက အမှန်တရားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်း ရမှတ်တွေ လုံလုံလောက်လောက် မစုဆောင်းနိုင်ခဲ့ပါဘူး”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ပွဲချိန်အများစုကို လက်ဝှေ့ယမ်းကာ စိတ်ပျက်လက်ပျက်အမူအရာပြသခဲ့တဲ့ ပက်ဂွါဒီယိုလာက ဘော်လွန်းဒီအော်ဆုရှင်ရိုဒရီကို ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံးလက်လွှတ်ထားရမှုနဲ့အတူ ကွင်းလယ်တိုက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

သူက “ဘောလုံးပွဲစဉ်တိုင်းမှာ ကွင်းလယ်ပိုင်းက အရာရာတိုင်းက ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ကျွန်တော်တု့ိအတွက် အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ အခွင့်အရေးတစ်ခုတော့ ရှိနေပါသေးတယ်။ ကျွန်တော်တို့တွေ အဲ့ဒီပွဲစဉ်မှာ လုပ်စရာရှိတဲ့အရာတိုင်း လုပ်ဆောင်သွားရပါလိမ့်မယ်”လို့ ဆိုပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular