spot_img

မန်စီးတီးတိုက်စစ်ကို ထိန်းချုပ်ဖို့ ဆာလီဘာ၊ မာဂယ်ဟေးစ်တို့ အသင့်ဖြစ်နေပြီလို့ ပြောလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက မနက်ဖြန်ည မန်စီးတီးနဲ့ပွဲစဉ်အတွက် ခံစစ်ပိုင်းက အသင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေအတွင်း ခံစစ်အတွဲဖြစ်တဲ့ ဆာလီဘာနဲ့ မာဂယ်ဟေးစ်တို့ရဲ့ ခြေစွမ်းအပေါ် အာတီတာက အားရကျေနပ်လျက်ရှိနေပါတယ်။

အာတီတာက “သူတို့က ပြီးခဲ့တဲ့နှစ်ရာသီစလုံး စွမ်းဆောင်ရည်ကောင်းတွေ၊ တည်ငြိမ်မှုတွေ ပြသနိုင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့မှာ မယုံနိုင်စရာ နားလည်မှုကို ပိုင်ဆိုင်ထားတယ်ဆိုတာ မြင်နိုင်ပါတယ်။ သူတို့နှစ်ယောက်စလုံးက မယုံနိုင်စရာပါပဲ။

myan789

ဟာလန်းရဲ့သွင်းဂိုးအချက်အလက်တွေကို ကြည့်လိုက်ရင် သူက အဓိက ကစားသမားဆိုတာ ပြောနိုင်ပါတယ်။ ကျွန်တော်တို့က တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ အားသာချက်တွေကို လေ့လာထားပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ စဉ်းစားရပါတယ်။ သူ့ရဲ့သွင်းဂိုးတွေကို ရပ်တန့်နိုင်ဖို့ လိုအပ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

အဝေးကွင်း သုံးပွဲဆက် ကစားရခြင်းအပေါ် အာတီတာက “ကျွန်တော်တို့ မန်စီးတီးလိုပဲ နားချိန်ရဖို့ လိုအပ်ပါတယ်။ အခုတော့ အဲ့ဒီလိုမရတာကြောင့် ကျွန်တော်တို့ ဒီအပေါ်မှာ အသားကျစွာနဲ့ ပြင်ဆင်နိုင်ဖို့ လိုပါတယ်။

Arsenal manager Mikel Arteta says the defense is ready for tomorrow night's game against Manchester City.

ခြောက်ရက်အတွင်း အဝေးကွင်းသုံးပွဲဆက် ကစားရတယ်ဆိုတာ အလွန်ရှားပါးပေမယ့် ကျွန်တော်တို့ အသင့်ဖြစ်နေရပါမယ်။ ကျွန်တော်တို့ နေရာတချို့မှာ တိုးတက်ဖို့ လိုအပ်နေပေမယ့် အဲ့ဒီလိုလုပ်ဖို့ဆိုရ်င ကျွန်တော်တို့ ဒီထက်အများကြီးပိုကောင်းလာဖို့ လိုပါတယ်။

ကျွန်တော်တို့ အခွင့်အရေးတွေ ဒီထက်ပိုဖန်တီးနိုင်ဖို့ လိုအပ်နေတယ်ဆိုတာ သေချာပါတယ်။ အဲ့ဒါက မေးခွန်းတစ်ခုမဟုတ်ဘဲ ဆွေးနွေးရမယ့် ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကစားကွက်က ကောင်းဖို့လိုအပ်တာကြောင့် အခွင့်အရေး ဖန်တီးနိုင်ဖို့ လိုအပ်လာပါတယ်။ တည်ငြိမ်မှုဆိုတာ ကျွန်တော်တို့ လိုအပ်နေတဲ့ အရာပါပဲ။”လို့ ဆိုခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular