spot_img

မန်ချက်စတာ ယူနိုက်တက် ကိုပြောင်းတာ “မှားတယ်” လို့ ဗန်ဒီဘိ ကို ဝေဖန်လိုက်တဲ့ လူးဝစ် ဗန်ဟား

မန်ချက် စတာ ယူနိုက်တက် နည်းပြ ဟောင်း လူးဝစ် ဗန်ဟား က ဒီနှစ် နွေရာသီ မှာ ယူနိုက်တက် ကို ပြောင်းရွှေ့ မှု ပြုလုပ် ခဲ့တဲ့ နယ်သာလန် ကွင်းလယ် ကစား သမားလေး ဒွန်နီ ဗန်ဒီဘိ ရဲ့ လုပ်ရပ်ဟာ မှားယွင်း ခဲ့တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဗန်ဒီဘိ ဟာ အိုင်ယက်စ် အသင်း ကနေ မန်ချက် စတာ ယူနိုက်တက် ကို ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး အသင်းမှာ နေရာရဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။

ဗန်ဒီဘိ ဟာ ယမန်နေ့ ညက ဂိုး မရှိ သရေကျ ခဲ့တဲ့ မန်ချက်စတာ စီးတီး နဲ့ ပွဲစဉ် မှာ အရန် လူ အဖြစ် ပါဝင် လာခဲ့ ပေမယ့် ကွင်းထဲ ကို ဝင်ရောက် အစွမ်း ပြခွင့်မရခဲ့ ပါဘူး ။ ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ အန်တိုနီ မာရှယ် တစ်ဦး ကိုသာ လူစား လဲထည့်ခဲ့ပြီး သရေ ရလဒ် ကို ကျေကျေနပ်နပ် လက်ခံ သွားခဲ့ ပါတယ် ။

myan789

မန်ချက် စတာ ယူနိုက်တက် ကို ၂ ရာသီကြာ ကိုင်တွယ် ခဲ့ဖူးတဲ့ နယ်သာလန် နည်းပြ လူးဝစ် ဗန်ဟား ကတော့ ဗန်ဒီဘိ အနေနဲ့ အခြား ဥရောပ ထိပ်သီး ကလပ် တစ်ခုခု ကို ပြောင်းရွှေ့ ကစားသင့် ကြောင်း နဲ့ အဆိုပါ အသင်းတွေ မှာ ဆိုရင် မန်ချက်စတာ ယူနိုက်တက် မှာထက် ပိုပြီး အဆင်ပြေ နိုင်မယ်လို့ ယူဆကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် ကတော့ မှန်တာ ကိုပဲ ဒဲ့ပြောတတ် ပါတယ် ။ မန်ချက် စတာ ယူနိုက်တက် မှာ ပေါ့ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ ရှိနေ ပါတယ် ၊ အဲ့ဒိတော့ ဗန်ဒီဘိ ကို ဘယ်နား သွားသုံး ရမှာလဲ ? ဗန်ဒီဘိ က ပေါ့ဘာ ၊ ဖာနန်ဒက်စ် တို့ အဆင့်ကို မရောက် သေးပါဘူး ။ ဒါတောင် ပေါ့ဘာ က ပွဲတိုင်း ကစား နေရလို့လား”

“ဒီတော့ ဗန်ဒီဘိ မကစား ရတာက ပြဿနာ မဟုတ်ပါဘူး ။ သူ အသင်းရွေးမှား တာလို့ပဲ ကျွန်တော် ပြောချင် ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် မဟုတ်တဲ့ အသင်း တစ်သင်းမှာ ဆိုရင် သူ ဒီထက် ပိုပြီး အဆင်ပြေ နိုင်သလို ကစားချိန်တွေ လည်း ပိုရ မှာပါ ။ ဒါက သူ့ကို ပိုတိုးတက်ပြီး ပိုကောင်း လာစေ နိုင်ပါတယ်” လို့ လူးဝစ် ဗန်ဟား က ပြောဆို သွားခဲ့ ပါတယ် ။

ဗန်ဒီဘိ ဟာ ၂၀၁၉ ခုနှစ် က ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ကို ရောက်ရှိ ခဲ့တဲ့ အိုင်ယက်စ် အသင်းမှာ အရေးပါ တဲ့ ကစား သမား တစ်ဦး အဖြစ် ပါဝင် ခဲ့ပါတယ် ။ ဒါပေမယ့် လည်း မန်ချက် စတာ ယူနိုက်တက် မှာတော့ ပွဲထွက် ကစားရမှု နည်းပါး ခဲ့ပြီး ဗန်ဒီဘိ ရဲ့ ပရိသတ်တွေ က ယူနိုက်တက် နည်းပြ ဆိုးရှား အပေါ် အပြစ်တင် ပြောဆိုလာ ခဲ့ကြ ပါတယ် ။

လက်ရှိ ယူနိုက်တက် အသင်းမှာ ဘရူနို ဖာနန်ဒက်စ် က ပွဲတိုင်း လိုလို ခြေစွမ်း ပြနေပြီး ခံစစ် ကို ကူဖို့ တော်မီနေး ၊ ဖရက်ဒ် တို့ကို ထည့်သုံး နေရတာကြောင့် ပေါ့ဘာ လို ကမ္ဘာ့ အဆင့် ကွင်းလယ်လူကိုပင် အရန်ခုံ မှာ ထားနေခဲ့ ရ ပါတယ် ။ မန်စီးတီး နဲ့ ပွဲမှာ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ် ကို အတူ တွဲထုတ်ပြီး ဖရက်ဒ် ၊ တော်မီနေး တို့ ဝန်းရံ ကစားခဲ့ ပေမယ့် မန်စီးတီး ကို ကစားကွက် အသာ မရခဲ့ ပါဘူး ။

ယူနိုက်တက် ပရိသတ်တွေ ကတော့ ဗန်ဒီဘိ ဟာ ဘောလုံး ဦးနှောက် ထက်မြက်သူ တစ်ယောက် ဖြစ်ပြီး Box-to-Box ကစားပုံ ကောင်းတာကြောင့် အသင်းမှာ ပျော်ပျော် ရွှင်ရွှင် ဆက်ရှိ နေနိုင် ဖို့ အတွက် ပွဲထွက်ခွင့် ပိုမို ပေးအပ် ခံရဖို့ မျှော်လင့် ထားကြပါတယ် ။

ဒါပေမယ့် ဖိအားတွေ အောက်ကို ရောက်နေပြီး ရလဒ်ကောင်းတွေ ကို ယူဆောင်ဖို့ လိုအပ် နေတဲ့ ဆိုးရှား အတွက် ကတော့ ဗန်ဒီဘိ ကို နေရာ ပေးဖို့ ခက်ခဲ လို့ နေဆဲ ဖြစ်နေ ခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular