မန်ချက်စတာယူနိုက်တက်အသင်း၏ ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်အားခေါ်ယူရန် စီးရီး အေကလပ် ဂျူဗင်တပ်စ်အသင်းက ပစ်မှတ်ထားနေကြောင်း အီတလီသတင်းစာများက ဖော်ပြခဲ့ကြသည်။
ဂျူဗင်တပ်စ်အသင်းသည် လက်ရှိတွင် ဖီအိုရင်တီးနားအသင်းမှ ဆားဘီးယား လက်ရွေးစင်တိုက်စစ်မှူး ဗလာဟိုဗစ် အား ခေါ်ယူရန်ကြိုးပမ်းနေပြီး အကယ်၍ ၎င်းအားမခေါ်ယူနိုင်ခဲ့ပါက အစားထိုးခေါ်ယူမည့် တိုက်စစ်မှူးအဖြစ် မာစီယဲလ်ကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
မာစီယဲလ်သည် ယခုရာသီတွင် မန်ယူအသင်း၌ ပြိုင်ပွဲ စုံ (၇)ပွဲသာကစားခွင့်ရထားပြီး တစ်ပွဲမှ ပွဲချိန်ပြည့်မကစားရသေးပေ။