spot_img

မန်ချက်စတာယူနိုက်တက်အသင်းနှင့်အတူ ဆုဖလားများရယူသွားမည်ဟု စီရော်နယ်လ်ဒို ကြုံးဝါး

မန်ချက်စတာယူနိုက်တက်အသင်း၏ တောင်ပံကစားသမားသစ် စီရော်နယ်လ်ဒိုသည် အသင်းကို ပြန်လည်ရောက်ရှိလာပြီးနောက် ပထမဆုံးအင်တာဗျူးအစီအစဉ်ကို ကလပ်အသင်းဝက်ဘ်ဆိုက်နှင့် ပြုလုပ်ခဲ့ပြီး ယင်းအင်တာဗျူးတွင် အသင်းအတွက် အောင်မြင်မှုများစွာရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းဝန်းကျင်ဖြင့် မန်ချက်စတာယူနိုက်တက်အသင်းထံသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ယင်းအပြောင်းအရွှေ့အတွက် အဓိကအခန်းကဏ္ဍတွင်ပါဝင်ခဲ့သည့် ဆရာဟောင်း ဖာဂူဆန်အကြောင်းကို ပြောကြားခဲ့သလို၊ အသင်း၏အနာဂတ်အတွက် အောင်မြင်မှုများ ရယူပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။

myan789

စီရော်နယ်လ်ဒိုသည် မန်ချက်စတာယူနိုက်တက်အသင်းကို ဖာဂူဆန် ကိုင်တွယ်ခဲ့သည့် ၂၀၀၃ ခုနှစ်က စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်အထိကစားခဲ့သည်။

ယင်းနောက် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့တွင် (၁၂) နှစ်ကြာကစားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

စီရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်ကစားသမားဘဝကို ပြန်လည်ရောက်ရှိလာခဲ့ခြင်းနှင့်ပတ်သက်ပြီး အင်တာဗျူးမေးမြန်းသူ စတူးဝပ်ဂါ့ဒ်နာအား “ခင်ဗျားလည်းသိတဲ့အတိုင်းပဲ။ ဒီအသင်းက အံ့သြစရာကောင်းတဲ့အသင်းဖြစ်ပြီး ခမ်းနားတဲ့သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတယ်။ ဒီအသင်းကို (၁၈)နှစ်သားကတည်းက ကျွန်တော် ရောက်ခဲ့ပြီး အခု (၁၂)နှစ်အကြာမှာ ပြန်ရောက်လာခဲ့ပြီ။ ကျွန်တော် အရမ်းပျော်နေပြီး ပထမဆုံးပြန်ကစားပေးနိုင်မယ့်အချိန်ကို စောင့်နေပါတယ်။ ကျွန်တော်က ဒီအသင်းကို ဂိုး တွေသွင်းပေးဖို့၊ အောင်မြင်မှုတွေရှာဖွေဖို့ ရောက်လာခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် မန်ချက်စတာယူနိုက်တက်အသင်းတွင် ပထမအကြိမ်ကစားစဉ်က ဝတ်ဆင်ခဲ့သည့် နာမည်ကျော် ကျောနံပါတ် (၇)ဂျာစီကို ပြန်လည်ဝတ်ဆင်သွားမည်ဖြစ်ပြီး လက်ရှိတွင် ကျောနံပါတ် (၇)ဂျာစီကို ဝတ်ဆင်နေသည့် ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီမှာ လက်ရွေးစင်အသင်းတွင် ဝတ်ဆင်သည့် ကျောနံပါတ် (၂၁)ဂျာစီကို ပြောင်းလဲဝတ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular