spot_img

မန်ချက်စတာဒါဘီတွင် အဝါကတ်(၂)ကတ်သာရှိခဲ့ခြင်းကို ရွိုင်ကင်း ဝေဖန်ခဲ့ပြီး နှစ်ဖက်ကစားသမားများပွေ့ဖက်နှုတ်ဆက်ခြင်းနှင့် မိတ်ဖွဲ့ခြင်းကိုလည်း ပြစ်တင်

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော မန်ချက်စတာဒါဘီပွဲ စဉ် မန်ယူ (၀-၀) မန်စီးတီးပွဲ၌ နှစ်ဖက်ကစားသမားများ နိုင်ပွဲရရှိရန် ကြိုးစားအားထုတ်ပုံနှင့် တစ်သင်းနှင့်တစ်သင်း အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ကျားကုတ်ကျားခဲမကစားခြင်းကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက ပြစ်တင်ဝေဖန်ခဲ့သည်။

ဂိုးမရှိသရေကျခဲ့သော ယင်းပွဲတွင် နှစ်သင်းစလုံးပေါင်းမှ အဝါကတ် (၂)ကတ်သာပြခံခဲ့ရခြင်းကိုလည်း ရွိုင်ကင်းက မကျေမနပ်ဝေဖန်ခဲ့ပြီး ပွဲအပြီးတွင် ပြိုင်ဘက်အသင်းနှစ်သင်းမှ ကစားသမားများ ပွေ့ဖက်နှုတ်ဆက်ခဲ့ခြင်းကိုလည်း ပြစ်တင်ခဲ့သည်။

myan789

ှSky Sports ရုပ်သံတွင် ဘောလုံးဝေဖန်သူအဖြစ် ပြုလုပ်နေသော ရွိုင်ကင်းက ”ဒီပွဲကတော့ အလွန်ကိုဆိုးရွားပါတယ်။ ဒီအသင်းတွေရဲ့ ကစားပုံနဲ့အရည်အသွေးကိုလည်း ကြည့်ကြပါဦး။ သူတို့ဟာ ဘောလုံးပွဲတစ်ပွဲမှာ အနိုင် ရလိိုစိတ်အပြည့်အဝရှိတယ်ဆိုတာကို ပြသရမှာပါ။ ဒီဒါဘီပွဲမှာ နှစ်သင်းစလုံးပေါင်းမှ အဝါကတ်(၂)ကတ်သာ ရှိခဲ့ပါတယ်။ ပွဲအပြီးမှာ ဒီလိုကစားသမားအချင်းချင်း ပွေ့ဖက်ကြတာမျိုးနဲ့ စကားအပြန်အလှန်ပြောနေကြတာမျိုးတွေကို အရင်ဒါဘီပွဲတွေမှာ ကျွန်တော် တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။ ဒါဟာ ကျွန်တော့်ကို ခေါင်းကုတ်စဉ်းစားရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ ကျွန်တော် စဉ်းစားပြီး တကယ်ကိုကြေကွဲရပါတယ်။ ဘောလုံးပွဲတစ်ပွဲအနိုင်ရဖို့ နည်းလမ်းတွေကိုတောင် ကြိုးစားရှာဖွေရတော့မယ့်ပုံမျိုးပါပဲ”ဟု ပြောကြားခဲ့သည်။

ယင်းပွဲတွင် မန်ယူအသင်းမှ နောက်ခံလူ မက်ဂွိုင်းရား နှင့် မန်စီးတီးအသင်းမှ ကွင်းလယ်လူ ဖာနန်ဒင်ဟိုတို့သာ အဝါကတ်ပြခံရခြင်းဖြစ်ပြီး ပွဲချိန် (၇၉)မိနစ်မတိုင်ခင်အထိ နှစ်သင်းစလုံး၌ အဝါကတ်ပြသခံရသူ တစ်ဦးတစ်ယောက်မျှ မရှိ ခဲ့ပေ။

ပွဲအပြီးတွင် မန်ယူအသင်းခေါင်းဆောင် အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားနှင့် မန်စီးတီးအသင်း၏ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်တို့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြရာ ရွိုင်ကင်းက ဂျွန်စတုန်းစ်အနေဖြင့် ယင်းပွဲတွင် ဂိုးမပေးရဘဲ သရေကျခဲ့သည်ကို ကျေနပ်နေပုံရကြောင်း ဝေဖန်ခဲ့ပြီး ကစားသမားများအနေဖြင့် သရေဖြင့်မကျေနပ်သင့်ကြောင်း ပြောကြားခဲ့သည်။

”ဒီပွဲမှာ မန်စီးတီးအသင်းက ကျွန်တော်တို့ခန့်မှန်းထားတဲ့အတိုင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဘောလုံးတွေကို ပုံစံမျိုးစုံပေးပို့ပြီး စိုးမိုးနိုင်ခဲ့ပါတယ်။ ဘောလုံးပွဲကစားတယ်ဆိုတာ အနိုင်ရဖို့ပါ။ ဒီအချိန်မှာ လီဗာပူးလ်နဲ့ စပါးအသင်းတွေက ခြေစွမ်းပြနေပြီး ဦးဆောင်နေတာကို ကိုယ်ကအမီလိုက်ဖို့ ကြိုးစားရမှာပါ။ ပွဲအပြီးမှာ နည်းပြအဖွဲ့ကလည်း ပြုံးပြီးပွေ့ဖက် နှုတ်ဆက်နေကြပါတယ်။ ကစားသမားတွေကလည်း တစ်ဦးနဲ့တစ်ဦး စကားတွေဖောင်ဖွဲ့နေကြပါတယ်။ အမှန်တော့ ကွင်း ပြင်ကို တစ်ခါတည်းထွက်သွားရမှာပါ။ အခုတော့ အားလုံးက မိတ်ဖွဲ့ဖို့ကြိုးစားနေကြပြီး တစ်ဦးနဲ့တစ်ဦးကြား ပေါ်ပြူလာဖြစ်အောင်ပဲ လုပ်နေကြပါတယ်။ ဒီအသင်းတွေမှာ အထူးသဖြင့် မန်ယူအသင်းမှာ ကစားတယ်ဆိုရင် ပွဲနိုင်ဖို့ပဲ ကြိုးစားရမှာပါ။ လူတိုင်းနဲ့ မိတ်လိုက်ဖွဲ့ဖို့ ကြိုးစားနေရမှာမဟုတ်ပါဘူး”ဟု ရွိုင်ကင်းက ဆက်လက်ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular