spot_img

မက်ဒီဆင် ရဲ့ အောင်ပွဲခံပုံကို ကူးချခဲ့တဲ့ ဆာကာ ကို သတိပေး စကားဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ် နည်းပြ အာတီတာ က ဘရန့်ဖိုဒ့် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့ အသင်းသားတွေအနေနဲ့ ဂိုးသွင်းပြီးရင် ကြိုက်တဲ့ ပုံစံ နဲ့ အောင်ပွဲ ခံနိုင်ပေမယ့် ပြိုင်ဘက် အသင်း နှင့် ကစားသမား အပေါ် မလေးစားရာ ရောက်စေမယ့် အောင်ပွဲခံမှုမျိုးဝောာ့ မလုပ်သင့်ကြောင်း သတိပေး စကား ဆိုသွားခဲ့ပါတယ် ။

ဘူကာရို ဆာကာ ဟာ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းအပြီး မက်ဒီဆင် ရဲ့အောင်ပွဲခံပုံအတိုင်း အောင်ပွဲ ခံကာ အင်္ဂလန် အသင်းဖော်ကို စနောက်ခဲ့တာ ဖြစ်ပါတယ် ။ မက်ဒီဆင် ကဘပွဲအပြီးမှာ ဆာကာ နဲ့ ပတ်သက်ပြီး ” သူနဲ့ ကျနော်နဲ့က နိုင်ငံပွဲ‌တွေမှာ ဆုံတဲ့ အချိန်ကျရင် တစ်ယောက် နှင့် တစ်ယောက် အမြဲ လေတိုက်လေ့ ရှိပါတယ် ။ ဒီနေ့လည်း သူ ကျနော့် အောင်ပွဲခံပုံ အတိုင်း လိုက်အောင်ပွဲ ခံခဲ့ပါတယ် ။ ကျနော် သူ့ကို လှည့်စား ကျော်ဖြတ်ပြီး ပထမဂိုးကို ဖန်တီး ပေးလိုက်ချိန်မှာတော့ သူက အဲ့ဒီ အောင်ပွဲခံပုံစံကို လိုက်လုပ်နေတုန်းပဲဗျာ ။ ” လို့ ပြန်လည် သရော် သွားခဲ့ဝာာပါ ။

myan789

အာဆင်နယ် နည်းပြ အာတီတာ က ဘရန့်ဖိုဒ့် နဲ့ ပွဲမတိုင်မှီ အင်တာဗျူးမှာ မက်ဒီဆင် ရဲ့ အောင်ပွဲခံပုံကို ကူးချခဲ့တဲ့ ဆာကာ အပေါ် ဘယ်လို မှတ်ချက် ပေးချင်သလဲ ဆိုတဲ့ မေးခွန်း ကို ” ကျနော် အဲ့ဒီ ကိစ္စတွေကို အာရုံ သိပ်မထားပါဘူး ။ သူတို့မှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိပါတယ် ၊ သူတို့ ဘာအကြောင်းအရင်းကြောင့်ပဲ လုပ်လုပ် ကျနော် သူတို့ကို နားလည်ပေးသွားမှာပါ ။ ဒီအကြောင်းတွေက သူတို့ အဝတ်လဲခန်း အတွင်းမှာ အချင်းချင်း ပြောကြတဲ့ စကားတွေပါ ။ ”

“သူတို့ အနေနဲ့ ပြိုင်ဘက် အသင်း ပြိုင်ဘက် ကစားသမားအ‌‌ပေါ် မလေးမစား ၊ ထိခိုက်စေမယ့် အရာတွေ နှင့် အသင်းရဲ့ စံတန်ဖိုး နဲ့ မကိုက်ညီတဲ့ အရာတွေကလွဲလို့ သူတို့ လုပ်ချင်တဲ့ အရာကို စိတ်ကြိုက် လုပ်ပိုင်ခွင့် ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular