spot_img

မက်ဆီ ကို မရောင်းထုတ်တာဟာ မှားယွင်းကြောင်း ဝေဖန်လိုက်တဲ့ ရီဗယ်ဒို

လက်ရှိ ဇန်နဝါရီ အပြောင်း အရွှေ့ ပိတ်သိမ်းသွားချိန် ကစပြီး ဘာစီလိုနာ ပရိသတ်တွေ သိလိုစိတ် ပြင်းပြ နေမယ့် မေးခွန်း တစ်ခု ရှိလာနိုင် ပါတယ် ။ အဲ့ဒါ ကတော့ လီယွန်နယ် မက်ဆီ အသင်းမှာ ဆက်ရှိ နေမလား ၊ ဒါမှ မဟုတ် ရာသီ အကုန်မှာ အသင်းပြောင်းမလား ၊ မန်စီးတီး ကိုလား ၊ PSG ကိုလား ဆိုတာတွေပဲ ဖြစ်ပါတယ် ။ အသစ် ရွေးကောက် တင်မြှောက်ခံရမယ့် ဘာစီလိုနာ ဥက္ကဌသစ် ကတော့ ဒီမေးခွန်းကို အောင်မှတ် ရအောင် ကြိုးစား ဖြေဆိုရမှာပါ ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ ရာသီ အလယ်လောက်က စပြီး အသင်းရဲ့ စီမံ ခန့်ခွဲမှုတွေ နဲ့ အနာဂါတ် အစီအစဉ် တွေ အပေါ် ဝေဖန် ပြောဆို လာခဲ့ပြီး ဘိုင်ယန်မြုးနစ် ကို အရှက်တကွဲ ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ကနေ ထွက်ခွာရ အပြီး မှာတော့ မက်ဆီ ရဲ့ သည်းခံ နိုင်မှုတွေဟာ ကုန်ဆုံး သွားခဲ့ ပါတယ် ။

myan789

အာဂျင်တီးနား တိုက်စစ်မှူး ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့မှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင်ဘဲ ၂၀၂၀ – ၂၁ ရာသီ ကို ဆက်လက် ကစားခဲ့ရ ပါတယ် ။ ဒါပေမယ့် အခုချိန်ထိ စာချုပ် သစ် မချုပ်ဆို နိုင်သေး တာကတော့ ဘာစီလိုနာ ပရိသတ်တွေ အတွက် စိတ်ပူစရာ ဖြစ်စေ ခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းမှာ ကစားပြီး ၁၉၉၉ ခုနှစ် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဆု ကို ရရှိ ခဲ့တဲ့ ဘရာဇီး တိုက်စစ်မှူး ရီဗယ်ဒို ကတော့ နှုတ်ထွက် သွားပြီ ဖြစ်တဲ့ ဥက္ကဌ ဘာတိုမြူ နဲ့ ဘုတ်အဖွဲ့ဝင်တွေ ဟာ မက်ဆီ ကို စာချုပ် သက်တမ်း ရှိနေစဉ် အတွင်း ရောင်းထုတ် ခဲ့သင့်ကြောင်း ပြောဆိုပြီး ရီးရဲ မက်ဒရစ် ရဲ့ လုပ်ကိုင်ပုံတွေ နဲ့ ခိုင်းနှိုင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဘုတ်အဖွဲ့ ဟောင်း ရဲ့ အမှားက မက်ဆီကို စာချုပ် ရှိနေတုန်း မရောင်း ခဲ့တာပါ ။ ရီးရဲ မက်ဒရစ် က ဘာစီလိုနာ လို ပြဿနာ မျိုးကို အရင်ကြုံ ခဲ့ရပြီး ဖြေရှင်း နိုင်ခဲ့ ပါတယ် ။ ရိုနယ်ဒို ကို သူတို့ ရောင်းခဲ့ပြီး ယူရို သန်း ၁၀၀ ရခဲ့ ပါတယ် ။ အခု သူတို့ အသင်းကို ပြန်တည်ဆောက် နေပါပြီ”

“ဘာစီလိုနာ လည်း မက်ဆီ မရှိရင် ရီးရဲ လို ရုန်းကန် ရမှာပါ ။ ဒါပေမယ့် အချိန် တစ်ခု ကြာရင်တော့ ပြန်တည်ငြိမ် သွားမှာပါ ။ လတ်တလော မှာတော့ ကိုဗစ် ကာလ ဖြစ်နေတဲ့ အတွက် သူတို့ ရီးရဲ ထက် ပိုပြီး လုပ်ကိုင်ရ ခက်ခဲမှာ အသေအချာ ပါပဲ”

“မက်ဆီ လို ကစား သမားမျိုးကို ရောင်းဖို့ စိတ်ကူး ရတာ တကယ်ကို နာကျင်စရာပါ ။ ဒါပေမယ့် ဒီလို ကစား သမားမျိုး ကို တစ်ပြား တစ်ချပ်မှ မရလိုက်ဘဲ အခြား အသင်းတစ်သင်း ကို ဖရီး ပြောင်းသွားတာက ပိုပြီး နာကျင်ဖို့ ကောင်းပါတယ်” လို့ ရီဗယ်ဒို က ပြောဆိုသွား ခဲ့ပါတယ် ။

ဘာစီလိုနာ ဟာ မက်ဆီ အပါအဝင် စီနီယာ အသင်းသားတွေ ကို မြင့်မားတဲ့ လုပ်ခ လစာတွေ ပေးအပ် ထားမှု ကြောင့် ထွက်ငွေ များပြား ခဲ့ပြီး ကိုဗစ် ကာလမှာ ဘဏ္ဍာရေး အနှုတ်ပြမှု များလာခဲ့ ပါတယ် ။ နောက်ဆုံး ထုတ်ပြန်မှု အရ ဘာစီလိုနာ ရဲ့ ဘဏ်ကြွေး ဟာ ၂ ဆ ကျော် များလာခဲ့ပြီး ဒေဝါလီ ခံရမယ့် အနေအထား ကို ပင် ရင်ဆိုင် နေရပြီလို့ သိရှိရ ပါတယ် ။

လက်ရှိ မှာတော့ ဘာစီလိုနာ ဟာ ခြေစွမ်း နဲ့ ရလဒ်တွေ ပြန်လည် တည်ငြိမ် လာခဲ့ပါပြီ ။ ဒီတစ်ပတ် မှာတော့ သူတို့ ဟာ အက်သလက်တစ် ဘီဘာအို နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး စပိန် စူပါ ဖလား ဗိုလ်လုပွဲက ရှုံးပွဲကို ပြန်ဆပ် ဖို့ ကြိုးစား သွားရမှာပဲ ဖြစ် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular