spot_img

မက်ဆီနှင့် လမ်းခွဲရခြင်းမှာ အသင်းအပေါ် နှစ်ပေါင်း ၅၀ သက်ရောက်စေမည့်အဖြစ်ကို ရှောင်လွှဲလို၍ဖြစ်ကြောင်း လာပေါ်တာ ရှင်းလင်း

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက အသင်းခေါင်းဆောင် မက်ဆီနှင့် လမ်းခွဲရခြင်းမှာ အသင်းအပေါ် နှစ်ပေါင်း ၅၀ သက်ရောက်စေမည့်အဖြစ်ကို ရှောင်လွှဲလို၍ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ဇွန် ၃၀ ရက်ကတည်းက စာချုပ်ကုန်ဆုံးနေသည့် အသင်းခေါင်းဆောင် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေနှင့် လာလီဂါပြိုင်ပွဲ၏ ဘဏ္ဍာရေးထိန်းချုပ်မှုစည်းမျဉ်းကြောင့် စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲတော့မည်ဖြစ်ကြောင်း ကြာသပတေး နေ့ ညပိုင်းတွင် အံ့အားသင့်ဖွယ် ထုတ်ပြန်ကြေညာခဲ့သည်။

myan789

မက်ဆီသည် လစာကို ရာခိုင်နှုန်း ၅၀ လျှော့ယူ၍ ငါးနှစ်စာချုပ်လက်မှတ်ရေးထိုး ဖွယ်ရှိကြောင်း သတင်းများထွက် ပေါ်ခဲ့သော်လည်း မမျှော်လင့်ဘဲ လမ်းခွဲခဲ့ရခြင်းဖြစ်သည်။ မက်ဆီနှင့် လမ်းခွဲရသည့်အကြောင်းကို သောကြာနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ဥက္ကဋ္ဌ လာပေါ်တာက ရှင်းလင်းပြောကြားခဲ့ပြီး အသင်းအတွက် စဉ်းစားဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“အသင်းအတွက် နှစ်ပေါင်း ၅၀ ကြာအောင် အကျိုးသက်ရောက်စေမယ့် ဆုံးဖြတ်ချက်ကို ကျွန်တော် မချနိုင်ပါဘူး။ ဒီအသင်းက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပါပြီ။ အသင်းကပဲ အားလုံးရဲ့အထက်မှာ ရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားရဲ့အထက်မှာလည်း အတူတူပါပဲ။ ကျွန်တော်တို့အတွက် သူလုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ဘဏ္ဍာရေးထိန်းချုပ်မှုစည်းမျဉ်းအရ ကျွန်တော်တို့အနေနဲ့ ဒါကို မဖြစ် မနေလုပ်ရတာပါ။ အဲဒီလိုမဟုတ်ရင် အသင်းအတွက် အန္တရာယ်ဖြစ် စေနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆက်မသွားနိုင်တော့ဘဲ ဆုံးဖြတ်ချက်ချခဲ့ရတာပါ။ လီယိုက အသင်းမှာ ဆက်နေချင်ပါတယ်။ အဲဒါကြောင့် သူလည်း မပျော်ရွှင်ရ ပါဘူး။ ကျွန်တော်တို့အားလုံးကလည်း သူ့ကိုဆက်ရှိစေချင်ပါတယ်။ သူ့အတွက်လည်း အမှန်တရားကို ရင်ဆိုင်ဖို့ လိုပါတယ်။ ဒီအမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူဘယ်ကိုပဲသွားသွား အကောင်းဆုံးဖြစ်စေဖို့ ကျွန်တော်ဆုတောင်း ပေးနေမယ်ဆိုတာလည်း သူသိပါတယ်။ လီယိုရဲ့အမွေအနှစ်တွေက အရမ်းထူးခြားကောင်းမွန်ပါတယ်။ သူက သမိုင်းကိုဖန်တီးခဲ့တာပါ။ သူက အသင်းရဲ့သမိုင်းမှာ အအောင်မြင်ဆုံး ကစားသမားပါ။ သူက ခမ်းနားထည်ဝါတဲ့ခေတ်တစ်ခုကို ရည်ညွှန်းခဲ့သူပါ။ ဘာကာရဲ့ အကောင်း ဆုံးခေတ်က ယနေ့ထိတိုင်အောင်ပါပဲ။ ဒီနေ့ကစပြီး ခေတ်သစ်တစ်ခုစပါပြီ။ လီယိုမတိုင်ခင်နဲ့ လီယိုခေတ်လွန်ကာလ ရောက်ပါပြီ။ ကျွန်တော်တို့အနေနဲ့ သူ့ကို အမြဲတမ်းကျေးဇူးတင်နေဖို့ လိုပါတယ်” ဟု လာပေါ်တာက ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular