spot_img

မက်ဆီကိုခေါ်ယူရန် လုံလောက်သည့် ငွေကြေးအင်အားရှိကြောင်း မန်စီးတီးအသင်း လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် အိုမာဘာရာဒါ ထုတ်ဖော်ပြောကြား

စပိန်နိုင်ငံထုတ် Marca သတင်းစာကလည်း ဂွါဒီယိုလာ၏အသင်း အနေဖြင့် အသက် ၃၃ နှစ်အရွယ် ကစားသမား၏ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး စာချုပ် ကုန်ဆုံးမည့် ၂၀၂၁ ခုနှစ် ဇွန်တွင် မြင့်မားသည့်လစာပေးချေ၍ ခေါ်ယူရန် ကမ်းလှမ်းဖွယ်ရှိကြောင်း ဖော်ပြသည်။ သို့သော် မက်ဆီကို စံချိန်တင်လစာဖြင့်ခေါ်ယူရန် မေဂျာလိဂ်ကလပ်အသင်းများကလည်း စိတ်ဝင်စားနေသဖြင့် မန်စီးတီး အသင်း စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင် ကြောင်း သိရသည်။

မန်စီးတီးအသင်းအနေဖြင့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကိုခေါ်ယူရန် လက်မလျှော့သေးဘဲ ၎င်းအားခေါ်ယူရန်အတွက် လုံလောက်သည့် ငွေကြေးအင်အားရှိကြောင်း COO (လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်) ဖြစ်သူ အိုမာဘာရာဒါက ထုတ်ဖော်ပြောကြားခဲ့သည်။

myan789

မန်စီးတီးအသင်းသည် ယခု နှစ် နွေရာသီကတည်းက မက်ဆီကို ခေါ်ယူခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း ဘာစီလိုနာအသင်းမှ အလွတ်ထွက်ခွာရန် မက်ဆီ၏ကြိုးပမ်းမှု မအောင်မြင်သဖြင့် လက်လျှော့ခဲ့ရခြင်းဖြစ်သည်။ သို့ဖြစ်ရာ လာမည့် နှစ်တွင် မက်ဆီကိုခေါ်ယူရန် ထပ်မံကြိုးပမ်းမည့် အစီအစဉ်နှင့်ပတ်သက်၍ မန်စီးတီးအသင်း COO အိုမာဘာရာဒါက “သူက ကမ္ဘာပေါ် မှာ အကောင်းဆုံးကစားသမားပါ။ သူက သူတို့မျိုးဆက်ရဲ့ အကောင်း ဆုံးကစားသမားလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်းမဆို ကိုယ့်အသင်းဆီ သူရောက်လာဖို့ ဖြစ်နိုင်ခြေကို စူးစမ်းရှာဖွေကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ သူက ကျွန်တော်တို့လုပ်မယ့် ရင်းနှီးမြှုပ်နှံမှု တွေအတွက် ခြွင်းချက်တစ်ခုတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့အစီအစဉ်က လက်ရှိလူစာရင်းနဲ့ ဖြစ်အောင်လုပ်ဖို့ပါပဲ။ လောလောဆယ် ကျွန်တော်တို့ဆီမှာရှိတဲ့ အခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားနေပါတယ်။ နေရာတစ်ခုစီတိုင်းအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းကိစ္စတွေက အများကြီး ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ လိုအပ်လာရင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဘဏ္ဍာရေးအင်အားနဲ့ စွမ်းဆောင်နိုင်တဲ့ စနစ်ရှိတယ်လို့ ထင်ပါတယ်” ဟု Manchester Evening News သတင်းစာသို့ ပြောကြားခဲ့သည်။

စပိန်နိုင်ငံထုတ် Marca သတင်းစာကလည်း ဂွါဒီယိုလာ၏အသင်း အနေဖြင့် အသက် ၃၃ နှစ်အရွယ် ကစားသမား၏ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး စာချုပ် ကုန်ဆုံးမည့် ၂၀၂၁ ခုနှစ် ဇွန်တွင် မြင့်မားသည့်လစာပေးချေ၍ ခေါ်ယူရန် ကမ်းလှမ်းဖွယ်ရှိကြောင်း ဖော်ပြသည်။ သို့သော် မက်ဆီကို စံချိန်တင်လစာဖြင့်ခေါ်ယူရန် မေဂျာလိဂ်ကလပ်အသင်းများကလည်း စိတ်ဝင်စားနေသဖြင့် မန်စီးတီး အသင်း စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင် ကြောင်း သိရသည်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ကတည်းက ဘာစီလိုနာအသင်း၌သာ ကစားခဲ့သည့် မက်ဆီသည် ယခုနှစ် နွေရာသီတွင် ဘာစီလိုနာအသင်း နှင့် စာချုပ်ဖျက်သိမ်း၍ ပြောင်းရွှေ့ ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့်ပြု ရန် တောင်းဆိုခဲ့သော်လည်း အသင်းက လက်မခံသဖြင့် ဆက်နေရန် ဆုံး ဖြတ်ခဲ့ရခြင်းဖြစ်သည်။

မက်ဆီနှင့် ဘာစီလိုနာအသင်းတို့ ၂၀၁၇ ခုနှစ် က ချုပ်ဆိုထားသည့် စာချုပ်အရ ကစားသမားအနေဖြင့် အသင်းနှင့် လမ်းခွဲလိုပါက ရာသီကုန်ဆုံးပြီး နောက် ဇွန် ၁၀ ရက်မတိုင်မီ တောင်းဆိုခွင့်ရှိသည့်အချက် ထည့်သွင်းထားသည်။ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၁၉-၂၀၂၀ ရာသီ ပြီးဆုံးချိန်မှာ သြဂုတ်အထိရောက် ရှိသွားသဖြင့် မက်ဆီက ထွက်ခွာခွင့်ပြုရန် သြဂုတ် ၂၅ ရက်မှသာ တောင်းဆိုခဲ့သော်လည်း အသင်းက လက်မခံဘဲ စာချုပ်လျော်ကြေး ယူရို သန်း ၇၀၀ ပေးချေမှသာ ထွက်ခွင့်ပြုမည်ဟု တုံ့ပြန်ခဲ့သောကြောင့် လက်လျှော့ခဲ့ရခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular