ဝုလ်ဖ်ဘတ် – ဒေါ့မွန် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၈:၀၀ နာရီ)
ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ပွဲလို့တောင် ဆိုနိုင်ပြီး အထူးသဖြင့် ဒေါ့မွန်အတွက် အမှတ်လုံးဝဆုံးရှုံးခံလို့မရတဲ့ပွဲပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဒေါ့မွန်အသင်းကပဲ အပြတ်အသတ်အသာစီးရထားပါတယ်။ ဝုလ်ဖ်ဘတ်အနေနဲ့ ဒေါ့မွန်ကို ဘွန်ဒစ်လီဂါပွဲစဉ်မှာ နောက်ဆုံးအနိုင်ကစားခဲ့တာ ၂၀၁၄-၁၅ ရာသီကဖြစ်ပြီး ဒီနောက်ပိုင်းပွဲတွေမှာလည်း သရေတစ်ပွဲသာ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဝုလ်ဖ်ဘတ်က ဒေါ့မွန်ထက် ဖိအားပိုရှိနေပုံရပြီး ရာသီအဆုံးသတ်ပိုင်းမှာ အမှားအယွင်းမရှိသွားနိုင်ဖို့ အတော် လုပ်ယူရနိုင်တယ်။ ဒေါ့မွန်ကိုပဲ ရွေးချင်တယ်။
ဖရိုင်းဘတ် – ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၈:၀၀ နာရီ)
ဖရိုင်းဘတ်အသင်းက ဒီပုံစံအတိုင်းဆို အမှတ်သိပ်မလိုအပ်တော့ပါဘူး။ ဟော်ဖန်ဟင်မ်အသင်း အဝေးကွင်းမှာ အမှတ်ယူလိမ့်မယ်။
အူန်ယွန်းဘာလင် – ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၈:၀၀ နာရီ)
အူန်ယွန်းဘာလင်က ဒီရာသီ အိမ်ကွင်းအဖွင့်ပွဲကလွဲလို့ နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲမရှိတဲ့အသင်းပါ။ ၀ါဒါဘရီမင်ကတော့ တန်းဆင်းဇုန်ကလွတ်ဖို့ အမှတ်လိုနေသေးတယ်။ ၀ါဒါဘရီမင် အမှတ်ရနိုင်တယ်။
မိန့်ဇ် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၈:၀၀ နာရီ)
မိန့်ဇ်အသင်းဟာ ၂၀၁၇-၁၈ ရာသီကစတင်ပြီး ဘိုင်ယန်နဲ့ဆုံတွေ့တဲ့ပွဲတိုင်း အရေးနိမ့်ထားပြီး တစ်ပွဲသာ ဂိုးမပြတ်ခဲ့တာဖြစ်တယ်။ အခုချိန်က မိန့်ဇ်အတွက် တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အမှတ်အသည်းအသန်လိုအပ်နေပြီး ရလဒ်တွေလည်းကောင်းနေတာ တွေ့ရတယ်။ ဘိုင်ယန်ကတော့ လက်ကျန်(၄)ပွဲမှာ တစ်ပွဲအနိုင်ရရုံနဲ့ ချန်ပီယံဆုကို (၉)ကြိမ် ဆက်သိမ်းပိုက်နိုင်တော့မှာပါ။ ဒါကြောင့် ဘိုင်ယန်အနေနဲ့ ဘယ်လိုကစားကစား အတိမ်းအစောင်းမရှိနိုင်တော့လို့ မိန့်ဇ်အသင်းကို တွဲခေါ်သွားမလား စောင့်ကြည့်ရမယ်။ မိန့်ဇ်ဘက်ကပဲ အရဲစွန့်ရပ်တည်ချင်တယ်။
လေဗာကူဆင် – ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၁၁:၀၀ နာရီ)
လေဗာကူဆင်အဖို့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က စွန့်လွှတ်ရသလောက်ဖြစ်သွားပြီး ယူရိုပါလိဂ်အတွက်ပဲ ကစားရတော့မယ့်အနေအထားပါ။ အခုတစ်ပတ်မှာ ဝုလ်ဖ်ဘတ်-ဒေါ့ မွန်ပွဲရှိနေလို့ ဖရန့်ဖတ်အသင်းသာ ဒီလိုပွဲမျိုးမှာ ရလဒ်ကောင်းယူထားနိုင်ရင် အတော်လေးအခြေအနေကောင်းသွားနိုင်တယ်။ ဖရန့်ဖတ်ကို ပိုကြိုက်တယ်။