လေဗာကူဆင် – အာမီးနီးယား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၀၀ နာရီ)
လေဗာကူဆင်အသင်း နိုင်ပွဲဆက်နေပြီးမှ ရှုံးပွဲနဲ့ ပြန်ကြုံခဲ့ရတယ်။ ရလဒ်ပိုင်းတည်ငြိမ်တဲ့ အာမီးနီးယားဘက်ကပဲ ရပ် တည်သင့်တယ်။
အူန်ယွန်းဘာလင် – မိန့်ဇ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်က နောက်ဆုံး(၃)ပွဲဆက်တိုက် အရေးနိမ့်ထားတယ်။ မိန့်ဇ် အဝေးကွင်းမကောင်းလို့ အူန်ယွန်းဘာလင် အနိုင်နဲ့ သရေပါပဲ။
မိုချန်ဂလာဘတ် – ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်ကို ဂိုးဒါဇင်ဝက်အထိပေးပြီး အရေးနိမ့်ခဲ့လို့ မိုချန်ဂလာဘတ်အသင်း စိတ်ဓာတ်ပိုင်းပါ သက်ရောက်မှုရှိနိုင်တယ်။ ဝုလ်ဖ်ဘတ်က ရှုံးပွဲပြန်တွေ့ထားပေမဲ့ ဒီတစ်ပွဲတော့ အမှတ်ရလိမ့်မယ်။
ဖရိုင်းဘတ် – ဟာသာဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၀၀ နာရီ)
ဟာသာဘာလင်က (၆)ပွဲဆက် နိုင်ပွဲပျောက်မှုနဲ့အတူ တန်းဆင်းဇုန်နဲ့ အနီးဆုံးကိုရောက်လာပြီ။ အိမ်ကွင်းမာတဲ့ ဖရိုင်း ဘတ်ပဲ အနိုင်ရဖို့များတယ်။
ဂရိုင်သာဖက်သ် – ကိုလုံး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၀၀ နာရီ)
ဂရိုင်သာဖက်သ်အသင်း အိမ်ကွင်း(၅)ပွဲဆက် ရှုံးပွဲမရှိ ကစားထားတာကို ထည့်တွက်ရမယ်။ ဒီပွဲလည်း အိမ်ရှင်အသင်း အမှတ်ရဦးမယ်ထင်တယ်။
ဖရန့်ဖတ် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၁၂:၀၀ နာရီ)
ပထမအကျော့တုန်းက မြူးနစ်ကွင်းမှာ အိမ်ရှင်အသင်းကို ဖရန့်ဖတ်တို့ (၂၁)နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်က စားခဲ့တယ်။ ပိုပြီးအံ့အားသင့်စရာကတော့ ဖရန့်ဖတ်က ဘိုင်ယန်ကို နောက်ဆုံးတွေ့ဆုံမှု (၂)ပွဲဆက်တိုက် အနိုင်ကစား ထားတာပဲဖြစ်တယ်။ ဒါပေမဲ့ လက်ရှိမှာ ဖရန့်ဖတ်အသင်းက ရုန်းကန်နေရပြီး နောက်ဆုံး(၆)ပွဲမှာလည်း (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ကြားပွဲတွေမရှိလို့ ဘိုင်ယန်မြူးနစ်ကစားသမားတွေ ပိုပြီးလန်းဆန်းနေနိုင်တာ ထည့်သွင်းစဉ်းစားသင့်ပြီး ဖရန့်ဖတ် ခြေစွမ်းကျနေလို့ ဖိအားမရှိလောက်ဘူး။ အဝေးကွင်းဖြစ်ပေမဲ့ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။