မေဂျာလိဂ်ကလပ် LAFC အသင်းအနေဖြင့် ရီးယဲလ်အသင်းနှင့်လမ်းခွဲမည့် ဂါရတ်ဘေးလ်၏ အပြောင်းအရွှေ့အတွက် အင်တာမိုင်ယာမီအသင်းကို ဒေါ်လာ ၅၀၀၀၀ ပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုလကုန်တွင် ရီးယဲလ်အသင်းနှင့် လမ်းခွဲတော့မည့် ဝေးလ်စ်လက်ရွေးစင်အသင်း ခေါင်းဆောင် ဂါရတ်ဘေးလ် (၃၂ နှစ်) က မေဂျာလိဂ်ကလပ် LAFCအသင်းသို့ ပြောင်း ရွှေ့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် Twitterမှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။
LAFCက ၎င်းအား ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဇွန်လ ၂၇ ရက်က တရားဝင်ကြေညာခဲ့သည်။
ဘေးလ်အနေဖြင့် ဇွန်လကုန်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်ကုန်ဆုံးမည်ဖြစ်သောကြောင့် ပြောင်းရွှေ့ကြေးမပါဘဲ ထွက်ခွာခွင့်ရရှိသော်လည်း မေဂျာလိဂ်၏စည်းမျဉ်းအရ LAFCအသင်းက ဒေးဗစ်ဘက်ခမ်ပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းကို ဒေါ် လာ ၅၀၀၀၀ ပေးအပ်ရမည်ဖြစ်သည်။
အင်တာမိုင်ယာမီအသင်းက ၎င်းတို့၏ Discovery List တွင် ဘေးလ်ကို ထည့်သွင်းထားသဖြင့် စည်းမျဉ်းအရ မူပိုင်ခွင့်ပိုင်ဆိုင်ထားပြီဖြစ်ရာ LAFC အသင်းထံမှ ဒေါ်လာ ၅၀၀၀၀ ရရှိမည်ဖြစ်သည်။
ယင်းစာရင်းတွင် ကစားသမား ခုနစ်ဦးအထိ ထည့်သွင်းခွင့်ပြုထားသည်။