spot_img

ဘောလုံးအား ပြိုင်ဘက်ကစားသမားထံ ပစ်ပေါက်ခဲ့သော်လည်း အရေးယူခြင်းကနေ ရှောင်နိုင်ရှားနိုင်ခဲ့တဲ့ ဟာလန်း

မန်စီးတီးနှင့်အာဆင်နယ်တို့ရဲ့ ၂-၂ ဂိုးဖြင့် ပွဲပြီးဆုံးချိန်မှာ ပြိုင်ဘက်ကစားသမား ဂါဘရီရယ်ကို ဘောလုံးဖြင့် ပစ်ခဲ့သော်လည်း ဟာလန်းဟာ အရေးယူခြင်း ခံရမှာဟုတ်ပါဘူး။

ဂျွန်စတုန်း ဂိုးသွင်းပြီးနောက် ၂-၂ ဂိုးဖြင့် ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်ခံစစ်မှူးရဲ့ခေါင်းကို ဘောလုံးနဲ့ ဟာလန်းက ဘောလုံးဖြင့် ပစ်ပေါက်ခဲ့တာကို ကင်မရာက ရိုက်မိခဲ့တာဖြစ်ပါတယ်။

myan789

အဆိုပါအဖြစ်အပျက်ကို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက မမြင်ခဲ့တာဖြစ်သော်လည်း VAR ဒိုင် ဂျွန်ဘရုတ်ခ်က ပြင်းထန်တဲ့ လုပ်ရပ်လို့ မသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ESPN ရဲ့ဖော်ပြချက်အရ အက်ဖ်အေကလည်း အဆိုပါဆုံးဖြတ်ချက်ကိုလက်ခံထားပြီး ဟာလန်းကို အရေးယူမှု လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။

မန်စီးတီးကို ၁-၀ ဂိုးဖြင့်ဦးဆောင်နိုင်ဖို့ ပွဲအစမှာ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်းက ပွဲသိမ်းခရာမှုတ်ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာ၊ တိုက်စစ်မှူး ဂျီးဆပ်တို့နှင့် ဖြစ်ပွားတဲ့ စကားများမှုတွင် ပါဝင်ပတ်သက်ခဲ့ပါတယ်။

ထရိုဆက် ထုတ်ခံရပြီးနောက် ကစားသမား ၁၀ ယောက်သာ ကျန်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အချိန်ဆွဲကစားမှုကို မန်စီးတီးကစားသမားတွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

Haaland threw the ball at Gabriel but was not penalised.

“ဒီလိုနဲ့ပဲ အဆုံးသတ်ဖို့လုပ်နေတာကြတာပါ။ နှစ်ဦးချင်းယှဉ်လုတဲ့အချိန်တိုင်းမှာ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကြိုးစားခဲ့ပြီး သူတို့တွေက လဲကျတာကြောင့် အလွတ်တည်ကန်ဘောတွေလည်း ပေးခဲ့ရပါတယ်”

ကစားသမားတွေက လဲကျပြီးရင်း လဲကျနေကြတာပါ။ သူတို့အသင်းသားတွေထဲကတစ်ဦးက ဂိုးသမားကိုပါ လဲချဖို့အချိန်ဆွဲဖို့ ပြောကြားခဲ့ပုံရပါတယ်”

” အဲ့ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေအတွေနဲ့ပတ်သက်ပြီးက တစ်ရာသီလုံးမှာ ကွင်းလယ်ဒိုင်အပေါ်မှာပဲ မူတည်သွားတာပါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး” လို့ အကန်ဂျီက ပြောကြားထားပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular