spot_img

ဘိုဒိုအသင်းကို ၂ ဂိုးမသွင်းနိုင်ခင်မှာ နည်းပြသစ် အာမိုရင် ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ ဟွိုက်လန်း

ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းက ယူရိုပါလိဂ်မှာ ဘိုဒိုအသင်းကို ၂ ဂိုးမသွင်းနိုင်ခင် နည်းပြဖြစ်သူ အာမိုရင် သူ့ကိုဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဟွိုက်လန်းဟာ အဆိုပါနိုင်ပွဲမှာ ယူနိုက်တက်အတွက် ဟီးရိုးဖြစ်ခဲ့ပြီး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ၃-၂ နဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့ပါတယ်။

myan789

အစ်ဝှစ်တောင်းနဲ့ပွဲမှာ အနိုင်မရခဲ့ပေမယ့် အခုယူရိုပါလိဂ်ပွဲမှာတော့ အိမ်ကွင်းမှာ ဘိုဒိုအသင်းကို အနိုင်ယူကာ ပထမဆုံးနိုင်ပွဲကို အာမိုရင်တစ်ယောက် ရယူနိုင်ခဲ့ပါတယ်။

ဘိုဒိုနဲ့ပွဲက အာမိုရင်အတွက် မလွယ်ကူခဲ့ပဲ အစောပိုင်းမိနစ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘိုဒိုက ၂ ဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

အဲ့နောက် ဟွိုက်လန်းက ယူနိုက်တက်အတွက် ချေပဂိုးကော အနိုင်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးတွေကြောင့်ပဲ ယူနိုက်တက်အနေနဲ့ သက်သာရာရခဲ့ပြီး အာမိုရင်တစ်ယောက် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဟွိုက်လန်းက အာမိုရင် မိမိကိုဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အင်တာဗျူးမှာ ဟွိုက်လန်းက “အာမိုရင်က ဒီနေ့မှာ အများကြီးမတွေးဖို့ ပြောခဲ့ပါတယ်။ အလုပ်ပိုကြိုးစားပြီး တိုက်စစ်မှာ မြင်နိုင်တာကို ဂိုးရှေ့မှာ သေချာလေးအသုံးချဖို့ မှာခဲ့ပါတယ်။ အဲ့တာကို ပထမဆုံးဂိုးမှာ မြင်နိုင်ပါတယ်။

Rasmus Hojlund reveals what new manager Amorin told him

ကျွန်တော် အဲ့ဂိုးနဲ့ပတ်သက်ပြီး ပျော်ပါတယ်။ ပထမပိုင်းအပြီးမှာလည်း အခုလိုမျိုးဆက်ကစားဖို့ မှာကြားခဲ့ပါတယ်။ ကျွန်တော် အရေးနိမ့်နေပေမယ့် ပြန်လာနိုင်ခဲ့ပြီး ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ၃ မှတ်ပြည့်ရယူနိုင်ခဲ့သလို အကောင်းဆုံးလည်းလုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ဟွိုက်လန်းက ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ကိုပြောင်းလာပြီးကတည်းက ဟွိုက်လန်းတစ်ယောက် ရုန်းကန်နေရပြီး အခု ၂ ဂိုးရခဲ့တာကြောင့် လာမယ့် အဲဗာတန်နဲ့ပွဲမှာလည်း ဆက်လက်ဂိုးသွင်းယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular