ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ်ဟောင်း ရူမင်နစ်ဂီက လက်ရှိရိုးမားနည်းပြ မော်ရင်ဟိုသည် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်လိုခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ရူမင်နစ်ဂီက ”လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက မော်ရင်ဟိုဟာ ဂျာမနီကိုလာပြီး ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူဟာ အသင်းအတွက် သင့်လျော်တဲ့သူ မဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ တော့ သူ့ကို ကျွန်တော် သဘောကျပါတယ်။ ရိုးမားအသင်းမှာ အောင်မြင်မှုကို ရှာဖွေနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အနိုင်ရဖို့ လိုအပ်နေတာကြောင့်ပါ”ဟု ပြောကြားခဲ့သည်။
ယင်းကာလမှာ မော်ရင်ဟို စပါးအသင်းကို မကိုင်တွယ်မီ ဖြစ်နိုင်ကြောင်း သိရသည်။