ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမန် တောင်ပံကစားသမား နာဘရီသည် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ရောက်ရှိ ဖွယ်ရှိကြောင်း သိရသည်။
လာမည့်ဇူလိုင်လတွင် (၂၇)နှစ်ပြည့်မည့် နာဘရီသည် အာဆင်နယ်အသင်းတွင် နေရာရရှိခြင်းမရှိသည့်အတွက် ၂၀၁၆ ခုနှစ် တွင် ၀ါဒါဘရီမင်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘွန်ဒစ်လီဂါတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ထိပ်တန်းခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းက ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နာဘရီကို သက်တမ်းတိုးရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းက ငြင်းပယ်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းသင်းထံ ပြန်လည်ပြောင်းရွှေ့ရန် လိုလားနေကြောင်း သတင်းများထွက် ပေါ်လာခဲ့သည်။
၎င်းကို လာလီဂါထိပ်သီးအသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ပရီးမီးယားလိဂ်တွင် ပြန်ကစားရန်သာ ပိုမိုအလားအလာများနေပြီး အသင်းဟောင်း အာဆင်နယ်ထံ ပြန်လည်ရောက်ရှိဖွယ်ရှိကြောင်းလည်း ထင်ကြေးပေးနေကြကြောင်း သိရသည်။