spot_img

ဘိုင်ယန်မြူးနစ်ကို မြင်လိုက်တိုင်း မန်စီးတီးမှာ ဗိုလ်စွဲရန် ရေပန်းစားနေသောအသင်း မဟုတ်ဟု ထင်မိကြောင်း ဂွါဒီယိုလာ ဆို

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းအား ဗိုလ်စွဲရန် ရေပန်းစားသည်ဟု သုံးသပ်ကြသော်လည်း ဘိုင်ယန်မြူးနစ်ကို မြင်လိုက်တိုင်း မိမိတို့အသင်းမှာ ရေပန်းစားသည့် အသင်းမဟုတ်ဟု ထင်မိကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် မိုချန်ဂလာဘတ်အသင်းအား (၂-၀)ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ယူခဲ့ပြီးနောက် ပြိုင်ပွဲစုံတွင် (၁၉)ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့သည်။

myan789

သို့ဖြစ်ရာ အကောင်းဆုံးခြေစွမ်းကို ပြသနေသော မန်စီးတီးအသင်းအနေဖြင့် ယခုရာသီတွင် ချန်ပီယံလိဂ်၌ ဗိုလ်စွဲရန် ရေပန်းစားနေသည်ဟု သုံးသပ်မှုများ ရှိနေသည်။

ဂွါဒီယိုလာကမူ အဆိုပါသုံးသပ်ချက်များကို လက်မခံဘဲ ဘိုင်ယန်မြူးနစ်အသင်းကို မြင်လိုက်တိုင်း မန်စီးတီးမှာ ရေပန်းစားသည့်အသင်းမဟုတ်ဟု ထင်မြင်မိကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက “ယေဘုယျအားဖြင့် ပြောရရင် ကျွန်တော်တို့ ကစားတာ ကောင်းပါတယ်။ ဒါပေမဲ့ အဆုံးသတ်ပိုကောင်းဖို့ လိုသေးတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်နေတာ ဒီအပိုင်းပဲ။ ဒီပြိုင်ပွဲမှာ နောက်တစ်ဆင့်တွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြီးပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဘိုင်ယန်မြူးနစ်ကို မြင်လိုက်တိုင်း ကျွန်တော်တို့အသင်းက ဖေးဘရိတ်မဟုတ်ဘူးလို့ ထင်မိတယ်။ လူတွေက ကျွန်တော်တို့ဟာ ဖေးဘရိတ်လို့ ဆိုကြရင်လည်း လက်ခံပါတယ်။ ဒါပေမဲ့ ဆီမီးဖိုင်နယ်တောင် တစ်ကြိမ်ပဲ ရောက်သေးတဲ့ အသင်းလို့လည်း ပြောကြတယ်။ ဒါကိုလည်း လက်ခံရမှာပါပဲ”ဟု မိုချန်ဂလာဘတ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်လက်ရှိချန်ပီယံဖြစ်ပြီး ပြီးခဲ့သည့်ရက်က ချန်ပီယံလိဂ်တွင် အဝေးကွင်းရှုံးပွဲမရှိသည့် ပွဲဆက်အများဆုံးအသင်း(၁၇ ပွဲ)အဖြစ် စံချိန်တင်ထားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular