ဘာစီလိုနာအသင်းက ခေါ်ယူရန်စိတ် ဝင်စားနေသည့် အသင်းတိုက်စစ်မှူး လီဝန် ဒေါစကီးကို စာချုပ်သက်တမ်းတိုးနိုင်ရန် ဘိုင်ယန်မြူးနစ်အသင်း ကြိုးပမ်းနေကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သူ လီဝန် ဒေါစကီးသည် ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်အ သင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ် ပြီး စပိန်သတင်းများကမူ ဘာစီလိုနာနှင့် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်ဟု ဖော်ပြလျက်ရှိသည်။
သို့သော် လီဝန်ဒေါစကီးသည် သူ၏အနာဂတ်အတွက် ဆုံးဖြတ်ရခြင်းမရှိ သေးကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ပိုလန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်သူ လီဝန်ဒေါစကီးကို လေးနှစ်စာချုပ်ချုပ်ဆိုရန် အသင့်ရှိပြီး ယူရို သန်း ၆၀ အထိ သုံးစွဲသွားမည့်အနေအထား ရှိနေသည်။