ဘာစီလိုနာအသင်းမှ ဘရာဇီးလ်ဝါရင့်နောက်ခံလူ အဲလ်ဗတ်စ်သည် အသင်းနှင့် ဒီဇင်ဘာလအထိ ကာလတိုသက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း သိရသည်။
အဲလ်ဗတ်စ်(၃၉ နှစ်)သည် ပြီးခဲ့သည့်နိုဝင်ဘာလက ဘာစီလိုနာသို့ တစ်ကျော့ပြန်ရောက်ရှိခဲ့ပြီး ယခုရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
သို့သော် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရလိုသောကြောင့် နှစ်ကုန်အထိ သက်တမ်းတိုးနိုင်ရန် မျှော်လင့်နေခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း လက်ခံဖွယ်ရှိကြောင်း သိရသည်။