spot_img

ဘာစီလိုနာတိုက်စစ်မှူး အဂွဲရိုး အသက်ရှူကျပ်သည့်ဝေဒနာ ခံစားခဲ့ရပြီး နှလုံးအခြေအနေကို ရက်အနည်းငယ် စောင့်ကြည့်ရမည်

ဘာစီလိုနာအသင်းတိုက်စစ်မှူး အဂွဲရိုးသည် စနေနေ့က အလာဗတ်စ်အသင်းနှင့်ပွဲစဉ်တွင် အသက်ရှူကျပ်ကာ ဆက်လက်ကစားနိုင်ခြင်းမရှိတော့ဘဲ အရေးပေါ်ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး နှလုံးအခြေအနေကို ရက်အနည်းငယ် စောင့်ကြည့်ရမည်

ဖြစ်ကြောင်း သိရသည်။

myan789

အဂွဲရိုးသည် အဆိုပါပွဲစဉ်တွင် ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ပထမပိုင်းပြီးခါနီးတွင် ယင်းကဲ့သို့ဖြစ်ပွားသဖြင့် ကော်တင်ဟိုနှင့် လူစားလဲခဲ့ရသည်။

အဂွဲရိုးသည် ပြိုင်ဘက်အသင်းနောက်ခံလူ ဗစ်တာလာဂွါဒီယာနှင့် လေထဲတွင် ဘောလုံးယှဉ်လုပြီးနောက် ရင်ဘတ်ကိုဖိကာ မြက်ခင်းပြင်၌လှဲချခဲ့ပြီး မျက်ရည်များဝဲသည်အထိ ပြင်းထန်သည့်အခြေအနေ ခံစားခဲ့ရကြောင်း သိရသည်။

၎င်းအနေဖြင့် မိနစ်အနည်းငယ်ကြာ ဆေးကုသမှုခံယူပြီးနောက် ထမ်းစင်ဖြင့်သယ်ထုတ်၍ လူစားလဲခဲ့ရသော်လည်း ကွင်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားနိုင်ခဲ့သည်။

အဂွဲရိုးအနေဖြင့် မည်သည့်ဝေဒနာခံစားရခြင်းဖြစ်ကြောင်း မသိရသေးသော်လည်း နှလုံးစစ်ဆေးမှုပြုလုပ်ခဲ့ရကြောင်း ဘာစီလိုနာအသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

ဘာစီလိုနာအသင်းယာယီနည်းပြ ဆာဂျီဘာဟွမ်ကလည်း ယင်းအခြေအနေနှင့်ပတ်သက်၍ ”ကျွန်တော် သူ့ကိုမေးတော့ မူးဝေနေတယ်လို့ ပြန်ဖြေတယ်။ ဆေးရုံကိုသွားဖို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ ကျွန်တော်လည်း တခြားဘာမှမသိသေးပါဘူး”ဟု ပွဲအပြီးတွင် ပြောကြားသည်။

စပိန်မီဒီယာအချို့၏ဖော်ပြမှုအရ အဂွဲ ရိုးအနေဖြင့် နှလုံးခုန်နှုန်းမမှန်ကန်သည့်အခြေအနေ ကြုံတွေ့နေရပြီး ဘောလုံးပြန်ကစားရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

Marca သတင်းစာကလည်း အဂွဲရိုးအနေဖြင့် လက်ရှိအချိန်တွင် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ၏ ကုသမှုနှင့်အတူ နှလုံးအခြေအနေအား လာမည့်ရက်အနည်းငယ်အတွင်း စောင့်ကြည့်စစ်ဆေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဂွဲရိုးသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် မန်စီးတီးအသင်းမှ ဘာစီလိုနာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရကာ လက်ရှိအချိန်အထိ ငါးပွဲကစား တစ်ဂိုးသာ သွင်းယူထားနိုင်သည်။

ဘာစီလိုနာအသင်းမှာလည်း အလာဗတ်စ်အသင်းအား သရေကျသဖြင့် ၂၁ ရာစုအတွင်း လာလီဂါရာသီအဖွင့် ၁၁ ပွဲကစားပြီးနောက် ရမှတ်အနည်းဆုံးစံချိန်ကို ပြန်လည်ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular