ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ဘာစီလိုနာကို ၄-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် အခုရလဒ်ကနေ သင်ခန်းစာယူရမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်ဟာ ဒုတိယပိုင်းမှာ ဘာစီလိုနာကို လွှမ်းမိုးနိုင်ခဲ့ပေမယ့် ဘာစီလိုနာရဲ့ခံစစ်ကစားဟန်ကြောင့် လိုအပ်နေတဲ့ချေပဂိုးတွေကို မရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
ကွန်ပနီရဲ့အသင်းဟာ ကိန်းတစ်ယောက် ချေပဂိုးမသွင်းယူနိုင်ခင်မှာတင် ရာဖင်ဟာရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်ဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် ရာဖင်ဟာကပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်က ချန်ပီယံလိဂ်ဒုတိယမြောက်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ကိန်းက အဆိုပါပွဲအပြီးမှာ ရလဒ်နဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အင်တာဗျူးမှာ ကိန်းက “ပထမပိုင်းမှာတင် ၃ ဂိုးပေးလိုက်ရတာက တော်တော်လေးဆိုးပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် ဘာစီလိုနာကလည်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ ပိုကောင်းအောင် မလုပ်နိုင်ခဲ့ပါဘူး။ အကူးအပြောင်းတွေမှာ ကျွန်တော်တို့အားနည်းခဲ့တာပါ။ ဒီလိုရလဒ်ကနေ သင်ခန်းစာယူဖို့ လိုအပ်ပါတယ်။ အခိုက်အတန့်ကောင်းတွေရှိခဲ့ပေမယ့် ကျွန်တော်တို့ အဆုံးသတ်မသေချာခဲ့တာတွေရှိခဲ့ပါတယ်။ အလျင်စလိုအစား သေချာလေးဘောလုံးကိုင်ကစားမယ်ဆိုရင် အခုထက်ပိုကောင်းအောင်လုပ်ဆောင်နိုင်ခဲ့မှာပါ။ ဒါပေမယ့်လည်း အခုပွဲရလဒ်ကနေ သင်ခန်းစာယူပြီး နောက်လာမယ့်ပွဲတွေမှာ ပိုကောင်းအောင်ကစားနိုင်ဖို့ လိုအပ်ပါတယ်”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။
ဘိုင်ယန်ဟာ လက်ရှိချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၂၃ နေရာမှာ ရပ်တည်နေပြီး လာမယ့်ဘင်ဖီကာနဲ့ပွဲမှာ အနိုင်ကန်ကာ အဆင့်ပိုတက်အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။