ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဂျာမန်နောက်ခံလူ ရူဒီဂါက ဘာစီလိုနာအသင်းကလည်း မိမိကို ခေါ်ယူရန် ချဉ်းကပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ရူဒီဂါသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ကာ (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး တနင်္လာနေ့က မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။
မီဒီယာများနှင့် တွေ့ဆုံရာ တွင် ရူဒီဂါက “ဧပြီလမှာ အန်ဆယ်လော့တီနဲ့ စကားပြောပြီးကတည်းက ဒီအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ တခြားလူတွေလည်း ကျွန်တော့်ကို ဆက်သွယ်ခဲ့ကြပြီး ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်က လွဲရင် ဘယ်မှမပြောင်းဘူးလို့ ကျွန်တော့်အစ်ကို(အေးဂျင့်လည်းဖြစ်)ကို ပြောခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။