အေစီမီလန်အသင်းသည် ရီးယဲလ်အသင်းမှ တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် စပိန်ကွင်းလယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်ကို အပြီးသတ်ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
အသက် (၂၁)နှစ်အရွယ်ရှိ ဘရာဟမ်ဒီယက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက ရီးယဲလ်အသင်းမှ အေစီမီလန်အသင်းသို့ တစ်ရာသီအငှားဖြင့် လာရောက်ခဲ့ကစားခဲ့သူဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက အေစီမီလန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၃၉)ပွဲတွင် (၇) ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
ထို့ကြောင့် အေစီမီလန်အသင်းသည် ဘရာဟမ်ဒီယက်ဇ်ကို အပြီးသတ်ခေါ်ယူလိုနေပြီး ရီးယဲလ်အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ဘရာဟမ်ဒီယက်ဇ်အတွက် ယူရိုသန်း(၃၀)အလိုရှိနေပြီး အပြောင်းအရွှေ့မှာဖြစ်မြောက်လာဖွယ်ရှိနေကြောင်း Goal.com က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းသည် ဘရာဟမ်ဒီယက်ဇ်ကို ၂၀၁၉ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းမှ ယူရို(၁၇)သန်းဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။