spot_img

ဘရာဇီးလ်ကစားသမား(၉)ဦးအားကလပ်အသင်း(၆)သင်းက တားဆီးခဲ့ခြင်းအတွက် ဖီဖာသို့ ဘရာဇီးလ်အသင်းတာဝန်ရှိသူများ တိုင်ကြားဖွယ်ရှိ

ပရီးမီးယားလိဂ်ကလပ်အသင်း(၆)သင်းသည် ၎င်းတို့၏အသင်းမှ ဘရာဇီးလ်ကစားသမားများအား လက်ရွေးစင်အသင်းသို့ သွားရောက်ကစားခြင်းမပြုရန် ပိတ်ပင်ခဲ့ပြီး ယင်းလုပ်ရပ်အတွက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ထံသို့ တိုင်ကြားဖွယ်ရှိကြောင်း သိရှိရသည်။

ယင်းကလပ်အသင်းများမှာ မန်စီးတီး၊ လီဗာပူးလ်၊ မန်ယူ၊ ချယ်လ်ဆီး၊ အဲဗာတန်၊ လိဒ်စ်အစရှိသော အသင်းများဖြစ်ပြီး ၎င်းတို့တားဆီးပိတ်ပင်ခဲ့သည့် ကစားသမားအရေအတွက်မှာ စုစုပေါင်း(၉)ဦးအထိရှိကြောင်း သိရသည်။

myan789

ဘရာဇီးလ်လက်ရွေးစင်အသင်းသည် ယခုစက်တင်ဘာလအတွင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများအဖြစ် ချီလီ၊ အာဂျင်တီးနား၊ ပီရူးအသင်းတို့နှင့် ကစားရန်ရှိနေပြီး ယင်းပွဲများအတွက် ကစားသမားစာရင်းရွေးချယ်ရာ၌ ပရီးမီးယားလိဂ်သို့ရောက်ရှိနေသော ကစားသမား (၉)ဦးအား ရွေးချယ်ထားခြင်းဖြစ်သည်။

ဘရာဇီးလ်နိုင်ငံသည် အင်္ဂလန်နိုင်ငံမှ ထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှိသည့်နိုင်ငံများ(Red List)စာရင်းတွင်ပါဝင်နေရာ ယင်းကစားသမားများအနေဖြင့် (ဘရာဇီးလ်လက်ရွေးစင်အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ပါက) အင်္ဂလန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာလျှင် သေချာပေါက် Quarantine ဝင်ရမည်ဖြစ်သည်။

ယင်းကဲ့သို့ Quarantine ဝင်ရပါက အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲနှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်(သို့မဟုတ်) လိဂ်ဖလားတတိယအဆင့်ပွဲစဉ်တို့ကို လွဲချော်မည်ဖြစ်သည်။

သို့ ဖြစ်ရာ ၎င်းတို့၏ကလပ်အသင်းများမှ တာဝန်ရှိသူများက ၎င်းတို့ကို စေလွှတ်ရန်ဆန္ဒမရှိဘဲ ဘရာဇီးလ်သို့ ပြန်မလွှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ လက်ရွေးစင်အသင်းသို့ ပြန်လည်စေလွှတ်ခြင်းမရှိသည့်လုပ်ရပ်အတွက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ထံသို့ တိုင်ကြားဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အကယ်၍ ယင်းကဲ့သို့ တိုင်ကြားခဲ့ပါက FIFA က စည်းမျဉ်းဥပဒေများအတိုင်း အရေးယူဖွယ်ရှိနေပြီး ယင်းကစားသမားများအနေဖြင့် (၅)ရက်ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတကာရက်သတ္တပတ်အပြီး (၅)ရက်ကြာ ပွဲပယ်ခံရမည်ဖြစ်၍ ယင်းကစားသမား(၉)ဦးစလုံးမှာ ပရီးမီးယားလိဂ်ပွဲစဉ် အနည်းဆုံး (၁)ပွဲကို လွဲချော်မည်ဖြစ်ကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်အသင်းများက FIFA ၏ (၅)ရက်ပွဲပယ်ပြစ်ဒဏ်မှာ Quarantine (၁၀)ရက်ဝင်ရသည်ထက်စာလျှင် များစွာသက်သာသည်ဟု ယူဆနေကြကြောင်း သိရှိရသည်။

လက်ရွေးစင်အသင်းသို့ ကစားသမားများစေလွှတ်ပါက ပွဲပန်း၊ ခရီးပန်း၊ ဒဏ်ရာပြဿနာများ ကြုံတွေ့နိုင်သည့်အပြင် Quarantine ဝင်သည့် (၁၀)ရက်အတွင်း၌လည်း လေ့ကျင့်ခန်းပင် လုပ်ခွင့်ရရှိမည်မဟုတ်ပေ။

ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က မိမိအသင်းမှ သီယာဂိုဆေးလ်ဗားအနေဖြင့် ဘရာဇီးလ်အသင်းသို့ သွားရောက်ကစားပါက ချယ်လ်ဆီးအသင်း၏ ပွဲစဉ် (၅)ပွဲအထိလွဲချော်နိုင်ကြောင်း ဆိုထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular