spot_img

ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားများ၏နားရက်ကို ဖျက်သိမ်းလိုက်ပြီး အပိုလေ့ကျင့်မှုပြုလုပ်ရန် တန်ဟက်ဂ် ညွှန်ကြား

မန်ယူအသင်း၏ နည်းပြ အဲရစ်တန်ဟက်ဂ်သည် ပြီးခဲ့သည့်စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းကို (၀-၄)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားများ၏နားရက်ကို ဖျက်သိမ်းလိုက်ပြီး အပိုလေ့ကျင့်မှုပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

တန်ဟက်ဂ်၏ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွင် ဘရိုက်တန်ကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို၊ ဘရန့်ဖို့ဒ်ကိုလည်း ထပ်မံရှုံးနိမ့်ခဲ့သည့်အတွက် စနေနေ့ပွဲစဉ်များအပြီးတွင် အမှတ်ပေးဇယားအောက်ဆုံးအဆင့်(၂၀) နေရာအထိ ရောက်ရှိခဲ့သည်။

myan789

မန်ယူအသင်းအနေဖြင့် ယင်းကဲ့သို့ အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်ခဲ့ခြင်းမှာ ၁၉၉၂ သြဂုတ်(၂၁)နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ပရီးမီးယားလိဂ်ပထမဆုံးရာသီဖြစ်သည့် ၁၉၉၂-၉၃ ရာသီတွင် မန်ယူအသင်းသည် ရှက်ဖီးယူနိုက်တက်ကို (၁-၂)ဂိုး၊ အဲဗာတန်ကို (၀-၃)ဂိုးဖြင့် အဖွင့်နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့သည့်အတွက် အဆင့်(၂၂)နေရာတွင် ရပ်တည်ခဲ့ရခြင်းဖြစ်သည်။

သို့သော် အဆိုပါရာသီတွင် မန်ယူအသင်းသည် ဒုတိယနေရာမှ အက်စတွန်ဗီလာအသင်းကို (၁၀)မှတ်ဖြတ်ကာ ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

ယခုအခါ မန်ယူအသင်းသည် အဆိုပါစံချိန်ဆိုးမျိုးနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည့်အပြင် နည်းပြ တန်ဟက်ဂ်အနေဖြင့်လည်း နှစ်ပေါင်း(၁၀၀)ကျော်ကာလအတွင်း ရာသီအဖွင့် လိဂ်ပြိုင်ပွဲနှစ်ပွဲဆက်ရှုံးနိမ့်သည့် ပထမဆုံးမန်ယူနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ထို့ကြောင့် တန်ဟက်ဂ်သည် အသင်း၏ စွမ်းဆောင်ရည်အပေါ် ဒေါသထွက်ခဲ့ပြီး တနင်္ဂနွေနေ့၌ ကစားသမားများအား အနားပေးရန် စီစဉ်ထားခြင်းကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘရန့်ဖို့ဒ်အသင်းအား ရှုံးနိမ့်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း တန်ဟက်ဂ်က ”အသင်းရဲ့ကစားပုံက စုတ်ပြတ်ညံ့ဖျင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်မြင့်မားတဲ့ အဆင့်အတန်းကို ပြသဖို့လိုအပ်ပါတယ်။ (၃၅)မိနစ်အတွင်း (၄)ဂိုးပေးလိုက်ရတာလည်း မဖြစ်သင့်ပါဘူး။ ဒီအတွက် အသင်းအနေနဲ့ တာဝန်ယူရမှာဖြစ်ပြီး ပရိသတ်တွေအတွက် ကျွန်တော် တကယ်စိတ်မကောင်းဖြစ်မိပါတယ်”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် လာမည့် သြဂုတ်(၂၂)တွင် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းအတွက် (၈)ရက်ခန့် နားချိန်ရရှိထားသော်လည်း ရှုံးပွဲဆက်ခဲ့ခြင်းကြောင့် တန်ဟက်ဂ်က တနင်္ဂနွေနေ့တွင် အပိုလေ့ကျင့်စေခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်သည် အဆိုပါအပိုလေ့ကျင့်မှုအစီအစဉ်၌ မန်ယူကစားသမားများကို (၁၃.၈)ကီလိုမီတာအထိ ပြေးခိုင်းရန် ဆန္ဒရှိနေကြောင်းလည်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါအကွာအဝေးမှာ ဘရန့်ဖို့ဒ်နှင့်ပွဲ၌ ပြိုင်ဘက်ကစားသမားများက မန်ယူကစားသမားများထက် ပိုပြေးခဲ့သောအကွာအဝေးဖြစ်ပြီး မန်ယူကစားသမားများ၏ လုပ်အားနှုန်း နည်းပါးခဲ့ခြင်းအပေါ် တန်ဟက်ဂ်က ပြစ်ဒဏ် ပြန်ပေးလိုခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပွဲတွင် ဘရန့်ဖို့ဒ်က (၁၀၉.၄)ကီလိုမီတာ၊ မန်ယူက (၉၅.၆)ကီလိုမီတာ ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular