spot_img

ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် လက်ကျန်တစ်ရာသီလုံးကို လွဲချော်သွားနိုင်ဖွယ်ရှိနေတဲ့ တာစတီဂျန်

ဘာစီလိုနာအသင်းရဲ့ ကျောနံပတ်(၁)ဂိုးသမား မာ့ခ်တာစတီဂျန်ဟာ ဗီလာရီးရဲလ်အသင်းကို ၅ဂိုး၊၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် လပေါင်းများစွာ အရန်လူစာရင်းမှာသာ ချန်လှပ်ထားခံနိုင်ရဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းက ဗီလာရီးရဲလ်အသင်းကို ၅ဂိုး-၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်တွင် ပွဲချိန်ပထမပိုင်း အတွင်းမှာပဲ ဘာစီလိုနာဂိုးသမားရဲ့ ညာဒူးမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် အဆိုပါဂိုးသမားကို ထမ်းစင်ပေါ်တင်၍ သယ်ထုတ်သွားခဲ့ရပါတယ်။ တာစတီဂျန်ဟာ ထောင့်ကန်ဘောတစ်လုံးကို အမိဖမ်းယူချိန်မှာ အကျမတော်ခဲ့လို့ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ကစားသမားတွေက ချက်ချင်းပဲ ဆေးအကူအညီတွေကို ခေါ်ယူပေးခဲ့ရပါတယ်။ သူ့ကို လိုအပ်တဲ့စစ်ဆေးကုသမှုတွေ ပြုလုပ်ပေးဖို့အတွက် ဗီလာရီးရဲလ်အသင်းရဲ့ အက်စတာဒီယို ဒီလာဆီရာမီကာကွင်းကြီးနဲ့ အနီးဆုံးမှာရှိတဲ့ ဆေးရုံဆီကို ခေါ်ဆောင်သွားခဲ့ရပါတယ်။

myan789

အသက် ၃၂နှစ်အရွယ်ဂိုးသမားဟာ အချိန်အတော်ကြာကြာအနားယူ သွားရနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ESPN ရဲ့အဆိုအရတော့ သူဟာ ၈ လလောက်အထိ အသင်းရဲ့လူစာရင်းမှ ချန်လှပ်ထားခံရနိုင်ဖွယ်ရှိနေပြီး ဒါဟာ ရာသီအကုန်ထိလို့လည်း ဆိုနိုင်ပါတယ်။

တနင်္ဂနွေနေ့ညပွဲစဉ်တွင် လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့က သွင်းဂိုး၂ဂိုးစီနဲ့ ပက်ဘလိုတော်ရဲက သွင်းဂိုး၁ဂိုးတို့ဖြင့် ကိုယ်စီသွင်းဂိုးတွေ သွင်းယူပေးကာ ဘာစီလိုနာအတွက် လာလီဂါနိုင်ပွဲ ၆ ပွဲဆက်ဖော်ဆောင်နိုင်ခဲ့ပေမဲ့ တာစတီဂျန်ရဲ့ ဒဏ်ရာပြဿနာက ဘာစီလိုနာတို့ရဲ့ သာယာနေတဲ့ ညနေခင်းလေးကို ရုပ်ဆိုးအကျည်းတန်စေခဲ့ပါတယ်။

Marc Stein suffered a serious injury in the 5-1 win over Villarreal

“ဒါကြီးက မာ့ခ်အတွက်သိပ် မကောင်းလှပါဘူး။ ဒဏ်ရာကို အပြည့်အဝစမ်းသပ် စစ်ဆေးပြီးဖို့အထိတော့ ကျွန်တော် အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမဲ့လည်း ဒဏ်ရာက အတော်လေး ပြင်းထန်နိုင်မယ်ဆိုတာလည်း အမှန်ပါဘဲ။ ဒီဒဏ်ရာ ပြဿနာက ကျွန်တော်တို့ကို ဝမ်းနည်းစေပါတယ်။ ကျွန်တော့်အထင်တော့ ဒဏ်ရာက တော်တော်လေး ကြီးမားမှာပဲဗျ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သတင်းအချက်အလက်တွေရနိုင်ဖို့ကို စောင့်ရဦးမှာပါ။” လို့ ဘာကာနည်းပြ ဟန်စီဖလစ်က ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဒဏ်ရာရလူစာရင်းမှာ တာစတီဂျန်ပါဝင်လာမှုနဲ့အတူ ရော်နယ်အာရူဂျို၊ အန်ဒရီးစ်ခရစ္စတန်ဆန်၊ မာ့ခ်ဘာနယ်၊ ဖရန်ကီဒီဂျောင်၊ ဂါဗီ၊ ဖာမင်လိုပက်ဇ်နဲ့ ဒန်နီအိုလမိုတို့ရှိနေကာ ဘာစီလိုနာမှာ ဒဏ်ရာရကစားသမားတွေဟာ တောင်လိုရာလိုပုံနေခဲ့ပါပြီ ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular