ဗီရိုနာနှင့်ပွဲတွင် ယခုရာသီ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ပြီးနောက် ကစားသမားများ၏ မာကျောမှုကို အသင်းနည်းပြမော်ရင်ဟို မေးခွန်းထုတ်

ရိုးမားအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ဗီရိုနာအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ယခုရာသီပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ပြီးနောက် ကစားသမားများ၏ မာကျောမှုကို မေးခွန်းထုတ်ခဲ့ပြီး ဗီဒီယိုသင်ခန်းစာများကို နာရီအနည်းငယ်ကြာအောင် ပြုလုပ်ရဦးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

myan789

မော်ရင်ဟိုသည် ယင်းပွဲတွင် ကစားသွားခဲ့သည့် ပြိုင်ဘက် ဗီရိုနာအသင်း၏ ကစားပုံကိုလည်း ချီးကျူးပြောကြားခဲ့ပြီး ကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ မာကျောမှု အလွန်အားကောင်းသည့် အသင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

မော်ရင်ဟိုက ”ကျူဒေါ် (ဗီရိုနာအသင်းနည်းပြ) ရဲ့အသင်းက မနှစ်က နည်းပြဟောင်း အိုင်ဗန်ဂျူရစ်ရဲ့အသင်းလိုပါပဲ။ ကစားသမားတွေကလည်း ဒါကြောင့် အခြေကျဖို့ သိပ်မခက်ဘူး။ သူတို့ကစားပုံက အရမ်းကြံ့ခိုင်ပြီး စိတ်ပိုင်းဆိုင်ရာလည်း မာကျောပါတယ်။ ကျွန်တော်တို့ဟာ ဒီဒဏ်ကို ကောင်းကောင်းခံစားခဲ့ရတယ်။ ဒီအတွက် သူတို့အသင်းကစားပုံကို ကျွန်တော် မဝေဖန်ချင်ပါဘူး။ စောဒကလည်း မတက်ချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်ကစားသမားတွေဟာ တစ်ဦးချင်း ရင်ဆိုင်တွေ့တဲ့ တိုက်ပွဲများစွာမှာ ရှုံးနိမ့်ခဲ့တယ်။ ဗီရိုနာအသင်းဟာ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးမာကျောခဲ့တယ်။ ဒါကြောင့် ကျွန်တော် တို့ ရှုံးပွဲတွေ့ခဲ့တာပါ။ အခုတော့ ဒီပွဲမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ဗီဒီယို ပြန်ကြည့်ပြီး ရှင်းပြဖို့ နာရီအနည်းငယ်ကြာအောင် လုပ်ရပါတော့မယ်” ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုက ဗီရိုနာအသင်းသည် နည်းဗျူဟာပိုင်းဆို်င်ရာ ထူးထူးခြားခြားလုပ်ဆောင်မှုမရှိဘဲ မိမိတို့အသင်းကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ခြင်းသာဖြစ်သည်ဟုလည်းဆိုသည်။

myan789

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
494,263
Total confirmed cases
Updated on October 25, 2021 12:05 am
Advertisment

Instagram

Most Popular

နယူးကာဆယ်နည်းပြရာထူးနှင့်...

စကော့တလန်ကလပ် ရိန်းဂျားစ...

ဆိုးလ်ရှားကို ကစားသမားမျာ...

မန်ချက်စတာယူနိုက်တက်အသင်...

စီရော်နယ်လ်ဒိုနှင့် ဆာလာက...

လီဗာပူးလ်နည်းပြ ယာဂန်ကလေ...