spot_img

ဖောရက်စ် နဲ့ ပွဲက အာတီတာ ရဲ့ လူထုတ်ပုံကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ တိုနီအဒမ်

ဂန်းနား ဂန္တဝင် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ တိုနီအဒမ် ဟာ မနေ့က ကစားခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ် နဲ့ ပွဲက အာဆင်နယ် နည်းပြ အာတီတာ ရဲ့ လူထုတ်ပုံ ကို မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဖောရက်စ် ကို တစ်ဂိုး ဂိုးမရှိ ရှုံးနိမ့် သွားခဲ့တာကြောင့် ချန်ပီယံ အိပ်မက် လုံးဝ အဆုံးသတ် သွားခဲ့ပြီး မန်စီးတီး အသင်း ၃ နှစ်ဆက်ချန်ပီယံ ဖြစ်သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ဇင်ချန်ကို ၊ ဆလီဘာ တို့ မကစား နိုင်တာကြောင့် နောက်တန်းကို အပြောင်းအလဲ လုပ်ခဲ့ပြီး ပါတေး ကို ညာနောက်ခံလူ ၊ ခီဝီယော က ဘယ်နောက်ခံလူ အဖြစ် ထားကစားခဲ့တာပါ ။ဖောရက်စ် အသင်းရဲ့ တစ်ဂိုးထဲသော သွင်းဂိုးဟာ​ အော်ဒီဂတ် ရဲ့ ဘောလုံး ဆုံးရှုံးမှု ကနေ ပေးလိုက်ရတာ ဖြစ်ပေမယ့် တိုနီအဒမ် က အာတီတာ ရဲ့ လူထုတ်ပုံနဲ့လည်း သက်ဆိုင်တယ်လို့ ဝေဖန် သွားခဲ့ပါတယ် ။

myan789

” ဂါဘရီရယ် ရဲ့ ဖျက်ထုတ်မှု က ကံမကောင်းသွားဘူးပဲ ဆိုရမှာပေါ့ဗျာ ၊ ဒါပေမယ့် fullback နှစ်ယောက်စလုံးက out of the game ဖြစ်နေခဲ့ပါတယ် ၊ အာတီတာ က ပါတေး နှင့် ခီဝီယော တို့ကို ပွဲထုတ် ခဲ့ပါတယ် ၊ အဲ့ဒီဂိုးမှာ သူတို့ နှစ်ယောက်စလုံး ရှိမနေကြပါဘူး ၊ နှစ်ယောက်-နှစ်ယောက် ဖြစ်နေတာပါ ၊ အမှန်တကယ်က သုံးယောက် – နှစ်ယောက် အနေအထား အထိ ဖြစ်နေတာပေါ့ဗျာ ။ ”

“ဖောရက်စ် က အာဆင်နယ် အသင်း အမှားလုပ်မှာကို စောင့်ဆိုင်းပြီး တန်ပြန် တိုက်စစ်ဆင် သွားခဲ့တာပါ ၊ အော်ဒီဂါ ရဲ့ ပေးပို့မှု က လျော့တိလျော့ရဲ နိုင်လွန်းပါတယ် ၊ ဖောရက်စ် ကို အဲ့ဒါကို သေချာ စောင့်ဆိုင်းပြီး တိုက်စစ်ဆင် ကစားသွားခဲ့တာပါ ။ ဒီနေ့ လူထုတ်ပုံကို ကျနော် အတော်လေး စိတ်ပျက် မိတာပါ ၊ ဘန်ဝှိုက် က ညာခြမ်းမှာ ဆာကာ နဲ့ တွဲပီး တစ်ရာသီလုံး ခြေစွမ်းပြ ကစားနေတာကိုဗျာ ၊ အဲ့တာကို ပါတေး ကို ညာခြမ်းမှာ ထားကစားပြီး တီယာနေး ကို အရန်ခုံ ပို့ထားပါတယ် ။ ”

” အာတီတာ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ ၊ အာတီတာ က လာမယ့် ရာသီမှာ ပါတေး ကို ညာနောက်ခံလူ ၊ ဘန်ဝှိုက် ကို ဗဟို ခံစစ်မှူး အဖြစ် ထားကစားဖို့ လုပ်နေတာလား ၊ ခီဝီယော က ရော ဘယ်နောက်ခံလူမှ ဟုတ်ရဲ့လား ၊ အရိုးသားဆုံး ပြောရရင် သူဘာ​ကြောင့် ဒီလို လူထုတ်သလဲ ကျနော် နားမလည် နိုင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular