2020 ခုနှစ် အတွက် ဖီဖာ အကောင်းဆုံး ဆုတွေ ကို မနေ့ညက ပဲ တရားဝင် ကြေငြာကာ ချီးမြှင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အကောင်းဆုံး ကစားသမား ဆုကိုတော့ ဘိုင်ယန် မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါ့စကီး က မဲအပြတ်အသတ် နဲ့ ဆွတ်ခူးသွားခဲ့ပြီး ၊ ဒုတိယ နေရာမှာတော့ ရိုနာဒို ၊ တတိယနေရာမှာ မက်ဆီ တို့က အသီးသီး ရပ်တည်သွားခဲ့ ပါတယ်။
နောက်ဆုံး မဲ ရလာဒ်
52 မှတ် – လီဝန်ဒေါ့စကီး
38 မှတ် – ရိုနာဒို
35 မှတ် – မက်ဆီ
မြန်မာ့ လက်ရွေးစင် အသင်းခေါင်းဆောင် ကျော်ဇင်ထက် ရဲ့ မေးပေးမှုမှာတော့ ပထမ ဦးစားပေး နေရမှာ ရိုနာဒို ၊ ဒုတိယ နေရာမှာ ဆာဒီယို မာနေး ၊ တတိယ နေရာမှာ အမ်ဘာပေ တို့ကို မဲပေးခဲ့တာ တွေ့ရပါတယ်။
နည်းပြကြီး အန်သိုနီဟေးလ် ကတော့ လီဝန်ဒေါ့စကီး ကို ပထမ နေရာ ၊ ဆာဒီယို မာနေး ကို ဒုတိယ နေရာ နဲ့ မိုဆာလတ် ကို တတိယ နေရာတွေ မှာ ရွေးချယ် မဲပေးသွားခဲ့ပါတယ်။
ပရိသတ် အများစု ရဲ့ မျှော်လင့်ချက် နဲ့ ထပ်တူ မကျခဲ့တဲ့ ဆုကတော့ အကောင်းဆုံး မန်နေဂျာ ဆု ဖြစ်ပါတယ်။ ဒီဆု ကို ဘိုင်ယန် မြူးနစ် နဲ့ အတူ ဖလား 3 လုံး သိမ်းပိုက် ခဲ့တဲ့ ဟန်ဆီ ဖလစ် က ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ၊ တကယ့် လက်တွေ့မှာတော့ လီဗာပူး နည်းပြ ယာဂန် ကလော့ပ် က ဆွတ်ခူး သွားခဲ့ပါတယ်။
ဟန်ဆီ ဖလစ် ဟာ ဂျာနယ်လစ် တွေ နဲ့ ပရိသတ်တွေ က မဲတွေ မှာ အသာစီး ရခဲ့ပေမယ့် ၊ နိုင်ငံ့လက်ရွေးစင် နည်းပြတွေ နဲ့ အသင်းခေါင်းဆောင်တွေ က ပေးအပ်ခဲ့တဲ့ မဲတွေမှာတော့ ကလော့ပ် ကပဲ အသာရခဲ့တာပါ။
နောက်ဆုံးထွက်ပေါ်လာတဲ့ ရမှတ်တွေမှာတော့ နှစ်ယောက် စလုံးရဲ့ ရလာဒ်ဟာ 24 မှတ်စီ တူညီလို့ နေခဲ့ပါတယ်။
ဖီဖီ အကောင်းဆုံး ရွေးချယ်ရေး ကော်မတီ က ပြဌာန်းထားတဲ့ အပိုဒ် 12 ပါ ပြဌာန်းချက် အရတော့ ၊ နည်းပြ 2 ယောက်ဟာ ရမှတ်တူနေခဲ့ရင် ၊ နိုင်ငံ့လက်ရွေးစင် နည်းပြတွေ က ပေးတဲ့ မဲရလာဒ်ကို ပြန်ကြည့်ကာ အနိုင်အရှုံး ရလာဒ်ကို ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ယာဂန် ကလော့ပ်ဟာ ဟန်ဆီ ဖလစ် ကို မှတ်တူအနေအထား နဲ့ အသာစီး ရရှိသွားတာ ဖြစ်ပါတယ်။
နောက်ဆုံးမဲ ရလာဒ်
24 မှတ် – ကလော့ပ်
24 မှတ် – ဟန်ဆီ ဖလစ်
11 မှတ် – ဘီရယ်ဆာ
မြန်မာ့ လက်ရွေးစင် အသင်းခေါင်းဆောင် ကျော်ဇင်ထက် ဟာ အကောင်းဆုံး နည်းပြဆု ပထမ နေရာအတွက် ရီးရဲ မက်ဒရစ် နည်းပြ ဇီဒန်း ၊ ဒုတိယ နေရာမှာ ယာဂန် ကလော့ပ် နဲ့ တတိယ နေရာမှာ လိုပက် တီဂူတို့ ကို ရွေးချယ်သွားခဲ့ပါတယ်။
နည်းပြကြီး အန်သိုနီဟေးလ် က ကတော့ ပထမ နေရာမှာ ဟန်ဆီ ဖလစ် ၊ ဒုတိယ နေရာမှာ လိုပက်တီဂူ နဲ့ တတိယ နေရာမှာ ယာဂန် ကလော့ပ် တို့ကို မဲပေးသွားခဲ့ပါတယ်။
အကောင်းဆုံး ဂိုးသမားဆု မှာတော့ ဘိုင်ယန် ဂိုးသမား နူအာ က (28 မှတ်) ရရှိကာ လီဗာပူး ဂိုးသမား အလီဆွန် ထက် (20 မှတ်) 8 မှတ်အသာစီး ရပြီး ဆွတ်ခူးသွားခဲ့ပါတယ်။ အေတီကို ဂိုးသမား အော့ဘလက် ကတော့ 12 မှတ် တတိယ နေရာမှာပဲ ရပ်တည်ခဲ့တာပါ။
ဖီဖာ အကောင်းဆုံး သွင်းဂိုးဆု ရပ်တည်မှု အနေအထား
24 မှတ် – ဆွန်ယောင်မင်
22 မှတ် – အာရက်စကာတေးတား
20 မှတ် – လူးဝစ် ဆွာရက်
အမျိုးသမီး အကောင်းဆုံး ကစားသမားဆု ရပ်တည်မှု အနေအထား
52 မှတ် – ဘူစီ ဘရွန်ဇီ
40 မှတ် – ဟာဒါ
35 မှတ် – ရီနတ်