spot_img

ဖီဖာ ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းကို ကပ်လွဲခဲ့ရတဲ့ ဘရူနို ဖာနန်ဒက်စ်

ကြာသပတေးနေ့ ညက ပြုလုပ် ခဲ့တဲ့ ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ ကတော့ ရောဘတ် လီဝန်ဒေါ့စကီး ရဲ့ အောင်ပွဲခံ မှု နဲ့ အတူ ပြီးဆုံး သွားခဲ့ ပါတယ် ။ ဖီဖာ ဟာ ဆုပေးပွဲ နှစ်စဉ် နှစ်တိုင်း ဒွိဟ ဖြစ်စရာ ၊ အငြင်း အခုန် ဖြစ်စရာ လေးတွေ ပါလေ့ ရှိတဲ့ အစဉ် အလာ ကို ဒီနှစ် မှာလည်း မဖျက်ခဲ့ ပါဘူး ။ ဘာပဲ ဖြစ်ဖြစ် ဆုပေးပွဲ က ပြီးသွား ပြီမို့ ဆုရှင်တွေ ရဲ့ အမည်တွေ ကိုလည်း တံဆိပ် ခတ်နှိပ်လို့ ပြီးသွားခဲ့ ပါပြီ ။ ပြန်ပြင်လို့ မရတော့ ပါဘူး ။

ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်း ကို ထုတ်ပြန် ချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ပါဝင် မလာခဲ့မှု နဲ့ ပတ်သက်ပြီး ဆိုရှယ် မီဒီယာ ထက် မှာ ပရိသတ် တွေ အပြန် အလှန် ကျီစယ် ခဲ့ကြ ပါတယ် ။

myan789

ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီမှ မန်ချက်စတာ ယူနိုက်တက် ကို ရောက်လာ ခဲ့တာ ဖြစ်ပေမယ့် တောက်လျောက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူကာ အသင်းရဲ့ အဓိက ကစား သမား အဖြစ် ကို အလျှင် အမြန် ရောက်ရှိ လာခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ကစား သမား ဘ၀ 7 လ အတွင်းမှာ တစ်လတာ အကောင်းဆုံး ကစား သမားဆု ကို ၃ ကြိမ်တိုင် ရယူ ထားနိုင် ခဲ့သူလည်း ဖြစ်ပါတယ် ။

ဒီလို စွမ်းဆောင် နိုင်မှုတွေ ကြောင့် ယူနိုက်တက် အသိုင်းအဝိုင်းမှာ ဖာနန်ဒက်စ် ရဲ့ အမည်ဟာ မွှေးပျံ့ နေခဲ့ပြီး အလွန် အမင်း ချီးကျုး ပြောဆိုမှုတွေ ဟာ အခြား အသင်း ပရိသတ်တွေ အတွက် စိတ် ကသိကအောက် ဖြစ်စေခဲ့ရ ပါတယ် ။ ဒါကြောင့် အခုလို တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ မပါဝင် လာခဲ့ချိန် မှာတော့ ဖာနန်ဒက်စ် ရဲ့ ပရိသတ်တွေ ကို ပြန်လည် ကျီစားခွင့် ရရှိ ခဲ့ကြပါတယ် ။

တကယ်တမ်း မှာတော့ ဖာနန်ဒက်စ် ဟာ ဖီဖာ ရဲ့ အကောင်းဆုံး အသင်း မှာ မပါဝင် နိုင်ခဲ့ပေမယ့် လုံး၀ ပြုတ် ကျန်ရစ် ခဲ့တာ မဟုတ်ခဲ့ ပါဘူး ။ ဖီဖာ က ထုတ်ပြန် ခဲ့တဲ့ စာရင်း အရ ဖာနန်ဒက်စ် ဟာ အကောင်းဆုံး အသင်းထဲ ကို ဝင်ဖို့ အလွန် နီးကပ် ခဲ့တာ ကို တွေ့ရှိ ခဲ့ရ ပါတယ် ။

ဖီဖာ ဟာ နေရာ အလိုက် အကောင်းဆုံး အသင်း ကို ဆုပေးပွဲ နေ့က ထုတ်ပြန် ခဲ့ပြီး နောက်တစ်နေ့ မှာတော့ ဘယ်သူတွေ ဘယ် အဆင့်တွေ မှာ ရှိခဲ့တာတွေ ၊ ဘယ်သူတွေ က ဘယ်သူတွေ ကို မဲပေး ခဲ့တာတွေ စတဲ့ အချက်အလက်တွေ ကို ထုတ်ပြ ခဲ့ ပါတယ် ။

အဲ့ဒိ နေရာမှာ ဘရူနို ဖာနန်ဒက်စ် ဟာ အကောင်းဆုံး အသင်းရဲ့ ကွင်းလယ် စာရင်းမှာ အဆင့် ၄ ချိတ် ခဲ့ပြီး ၄-၃-၃ ကစားကွက် နဲ့ ရွေးချယ်မှု မှာ ကပ်ပြီး ပြုတ်ကျန် ရစ်ခဲ့ရတာကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု ( ယာရှင်ဆု ) ကို ဆွတ်ခူး ခဲ့တဲ့ ဘိုင်ယန် ဂိုးသမားကြီး နူအာ ဟာလည်း ကမ္ဘာ့ အကောင်းဆုံး အသင်းမှာ ပါဝင် ခဲ့တဲ့ လီဗာပူး ဂိုးသမား အဲလစ်ဆွန် ဘက်ကာ ရဲ့ နောက် ဒုတိယ မဲအများဆုံး နေရာမှာ ရပ်တည် ခဲ့တာ ကိုလည်း မြင်တွေ့ ခဲ့ရ ပါတယ် ။

ဖီဖာ ကမ္ဘာ့ အကောင်းဆုံး အသင်း အတွက် နေရာအလိုက် အဆင့်များ –

ဂိုး
၁ ။ အလစ်ဆွန် ဘက်ကာ ( လီဗာပူး )
၂ ။ နူအာ ( ဘိုင်ယန် )
၃ ။ အိုဘလက် ( အေတီကို မက်ဒရစ် )
၄ ။ တာစတီဂျန် ( ဘာစီလိုနာ )
၅ ။ ကော့တွိုက် ( ရီးရဲ မက်ဒရစ် )

၆ ။ ဒီဂီယာ ( မန်ချက်စတာ ယူနိုက်တက် )
7 ။ နာဗက်စ် ( ရီးရဲ မက်ဒရစ် ၊ PSG အငှား )
၈ ။ အီဒါဆင် ( မန်ချက်စတာ စီးတီး )
၉ ။ ဒွန်နာ ရမ်မာ ( အေစီမီလန် )
၁၀ ။ ဟူဂို လိုရစ် ( စပါး )

နောက်တန်း
၁ ။ ဆာဂျီယို ရာမိုစ့် ( ရီးရဲ မက်ဒရစ် )
၂ ။ ဗာဂျယ် ဗန်ဒိုက် ( လီဗာပူး )
၃ ။ အလက်ဇန်းဒါး အာနိုး ( လီဗာပူး )
၄ ။ အယ်ဖွန်ဆို ဒါဗီးစ် ( ဘိုင်ယန်မြုးနစ် )
၅ ။ ဒေးဗစ် အလာဘာ ( ဘိုင်ယန်မြုးနစ် )

၆ ။ ဂျော်ဒီ အယ်ဘာ ( ဘာစီလိုနာ )
၇ ။ ဒါနီ အဲလ်ဗက် ( ဆာအိုပေါ်လို )
၈ ။ ကူလီဘာလေ ( နာပိုလီ )
၉ ။ သီယာဂို ဆေးဗား ( ချဲလ်ဆီး )
၁၀ ။ အန်ဒီ ရောဘတ်ဆန် ( လီဗာပူး )

ကွင်းလယ်
၁ ။ ကီဗင် ဒီဘရိုင်းနား ( မန်စီးတီး )
၂ ။ သီယာဂို အယ်ကန်ထရာ ( လီဗာပူး )
၃ ။ ဂျိုရှုအာ ကင်မစ်ချ် ( ဘိုင်ယန်မြုးနစ် )
၄ ။ ဘရူနို ဖာနန်ဒက်စ် ( မန်ချက်စတာ ယူနိုက်တက် )
၅ ။ လူကာ မိုဒရစ် ( ရီးရဲ မက်ဒရစ် )

၆ ။ အန်ဂိုလို ကန်တီ ( ချဲလ်ဆီး )
၇ ။ ဖရန်ကီ ဒီယွန် ( ဘာစီလိုနာ )
၈ ။ တိုနီ ကရူးစ် ( ရီးရဲ မက်ဒရစ် )
၉ ။ ဂေါ်ရက်ဇ်ကာ ( ဘိုင်ယန်မြုးနစ် )
၁၀ ။ ကက်စမဲရိုး ( ရီးရဲ မက်ဒရစ် )

ရှေ့တန်း
၁ ။ လီယွန်နယ် မက်ဆီ ( ဘာစီလိုနာ )
၂ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ဘိုင်ယန်မြုးနစ် )
၃ ။ ခရစ္စတီယာနို ရိုနယ်ဒို ( ယူဗင်တပ် )
၄ ။ အာလင်း ဟာလန်း ( ဒေါ့မွန် )
၅ ။ အမ် ဘာပေ ( PSG )

၆ ။ နေမာ ( PSG )
၇ ။ ဇလာတန် အီဘရာဟီမိုဗစ် ( အေစီမီလန် )
၈ ။ ဆာဒီယို မာနေး ( လီဗာပူး )
၉ ။ ဘန်ဇီးမား ( ရီးရဲ မက်ဒရစ် )
၁၀ ။ အော်ဘားမီးယန်း ( အာဆင်နယ် )

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular