မန်စီးတီးအသင်းသည် အင်္ဂလန်တောင်ပံကစားသမား ဖိုဒန်ကို လစာနှုန်းထားအသစ်ဖြင့် စာချုပ်ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဖိုဒန်ကို ၂၀၂၃-၂၄ ရာသီ အထိ စာချုပ်ချုပ်ဆိုထားပြီး တစ်ပတ်ပေါင်(၁)သိန်းခွဲသာ ပေးချေနေရသည်။
ယခုအခါ မန်စီးတီးအသင်းသည် ၎င်းနှင့် သက်တူရွယ်တူကစားသမားဖြစ်သည့် ဟော်လန်းကို ခေါ်ယူပြီး တစ်ပတ်ပေါင် (၅)သိန်းအထိ ပေးချေသွားရန် စီစဉ်ထားသည့်အတွက် ဖိုဒန်ကိုလည်း လစာတိုးပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖိုဒန်(၂၁ နှစ်)သည် မန်စီးတီးအသင်း၏ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး အသင်း၏အနာဂတ်ကို ဦးဆောင်မည့်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။