spot_img

ဖိနပ်စပွန်ဆာစာချုပ် ကုန်ဆုံးတော့မည့် ရပ်ရှ်ဖို့ဒ်အား ယခင်စပွန်ဆာဟောင်း Nike နှင့် အပြိုင် Puma က စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေ

ကမ္ဘာကျော်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးများဖြစ်သည့် Nike နှင့် Puma တို့သည် ရပ်ရှ်ဖို့ဒ်အား ဖိနပ်စပွန်ဆာစာချုပ်ချုပ်ဆိုရန် အပြိုင်ကြိုးပမ်းနေကြပြီး Puma သည် လက်ရှိစာချုပ်ပိုင်ရှင် Nike ထံမှ မူပိုင်ခွင့် လွှဲပြောင်းယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ပေါင်သန်းပေါင်းများစွာတန်ကြေးရှိမည့် စပွန်ဆာ စာချုပ်တိုက်ပွဲတွင် Puma က မူလစာချုပ်ရှင်ဖြစ်သည့် Nike ထက် ပိုမိုအလေးသာနေသည်ဟု မီဒီယာများက ဖော်ပြနေကြပြီး၊ ရပ်ရှ်ဖို့ဒ်၏ ကွင်းတွင်းကွင်းပြင်လှုပ်ရှားမှုများကြောင့် Puma သည် ငွေကြေးပိုပေးကာ စာချုပ်ရန် အသင့်ရှိနေကြောင်းလည်း သိရှိရသည်။

myan789

ရပ်ရှ်ဖို့ဒ်နှင့် Nike တို့၏ လက်ရှိစာချုပ်သက်တမ်းမှာ ကုန်ဆုံးတော့မည်ဖြစ်ပြီး၊ Nike သည် COVID-19 ကြောင့် အသုံးစရိတ်များ လျှော့ချခဲ့ရာတွင် ကမ္ဘာကျော်ဘောလုံးသမားအများစုကို သက်တမ်းမတိုးတော့ဘဲ ရပ်ဆိုင်းခဲ့သည်။

သို့ရာတွင် ရပ်ရှ်ဖို့ဒ်မှာမူ ကွင်းတွင်းခြေစွမ်းအပြင် ကွင်းပြင်ပလှုပ်ရှားမှုများကြောင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင် အလွန်လူသိများထင်ရှားနေပြီး Puma ကလည်း စာချုပ်ရပ်ဆိုင်းရန် စီစဉ်ထားရာမှ စာချုပ်သစ်ချုပ်ဆိုရန် ပြန်လည်စီစဉ်လာခဲ့ခြင်း ဖြစ်သည်။

Pumaသည် မကြာသေးမီကမှ PSG အသင်း၏ ဘရာဇီးလ်ကြယ်ပွင့်ဘောလုံးသမား နေမာအား တစ်နှစ် ပေါင် (၂၁)သန်းတန် စပွန်ဆာစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး၊ ပြိုင်ဘက်ကုမ္ပဏီများ အသုံးစရိတ်လျှော့ချနေချိန်တွင် အရှိန်မြှင့်လှုပ်ရှားနေသည့် ပေါ်လစီကို ကိုင်စွဲထားသည်။

မန်စီးတီးအသင်း၏ အဓိကကစားသမား စတာလင်ကိုလည်း တစ်နှစ် ပေါင် (၁၀)သန်းမှ (၁၂)သန်းကြားရှိသည့် တန်ကြေးနှင့် စွမ်းဆောင်ရည်အပေါ်မူတည်ကာ ထပ်မံပေးချေမည့်အစီအစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

Puma က ရပ်ရှ်ဖို့ဒ်သည် ၎င်းတို့ အဓိကအာရုံစိုက်နေသည့် ကစားသမားတစ်ဦးဖြစ်ပြီး၊ လက်ရှိအချိန်၌ အင်္ဂလန်တွင် အကျော်ကြားဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်းလည်း ချီးကျူးပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular