spot_img

ပွဲဦးထွက်မှာ ဂိုးသွင်းပြီး ဘာစီလိုနာကို ကယ်တင်ပေးခဲ့တဲ့ အိုလ်မို

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာဟာ ဗယ်လီကာနိုကို ပွဲဦးထွက်အဖြစ် လူစားဝင်ပါဝင်လာခဲ့တဲ့ ကစားသမားသစ် အိုလမိုရဲ့သွင်းဂိုးကြောင့် ၂-၁ နဲ့အနိုင်ရရှိခဲ့ပြီး ၃ ပွဲဆက်အနိုင်နဲ့အတူ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အိမ်ရှင်ဗယ်လက်ကာနိုက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပွဲအစ ၉ မိနစ်မှာပဲ ကွင်းလယ်လူ အူနိုင်းလိုပက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲမှာ ၄ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာရဲ့တိုက်စစ်က ပထမပိုင်းမှာတော့ အထနှေးနေခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခြင်းမရှိတာကြောင့် ချေပဂိုးပြန်လည်မရရှိခဲ့ပါဘူး။

myan789

ဒုတိယပိုင်းမှာတော့ နည်းပြဟန်ဆီဖလစ်က မကြာသေးမီကမှ ခေါ်ယူထားခဲ့တဲ့ စပိန်လက်ရွေးစင်ကွင်းလယ်ကြည်ပွင့် ဒန်နီအိုလ်မိုကို ထည့်သွင်းခဲ့ပြီး စပိန်သားရဲ့စွမ်းဆောင်ရည်နဲ့အတူ ဘာစီလိုနာတို့ ပုံမှန်ခြေစွမ်းပြန်ရလာခဲ့ပါတယ်။ အခွင့်အရေးတွေ ဖန်တီးလာနိုင်တဲ့ဘာစီလိုနာဟာ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးရဲ့ဖြုန်းတီးမှုတွေကြောင့် ချေပဂိုးရဖို့ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် မိနစ် ၆၀ ရောက်မှသာ ကွင်းလယ်ကစားသမားလေး ပီဒရီက စတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချေပဂိုးပြန်လည်ရရှိပြီးနောက်မှာလည်း ဘာစီလိုနာကပဲ ပွဲကိုစိုးမိုးထားခဲ့ပြီး ပွဲကစားချိန် ၈၂ မိနစ်မှာတော့ ကယ်တင်ရှင်‌ အိုလ်မိုရဲ့သွင်းဂိုးနဲ့အတူ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ အိုလမိုဟာ ဘာစီလိုနာကစားသမားဘဝ ပထမဆုံးပွဲဦးထွက်မှာပဲ ဂိုးသွင်းယူပြီး အသင်းကို ကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ခဲ့ပြီး လက်ရှိလာလီဂါချန်ပီယံ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၅ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

Barcelona won 2-1 thanks to the goal of new player Dani Olomo

လိုက်ပ်ဇစ်ကနေပြောင်းရွှေ့လာပြီးနောက် အသင်းမှာပါဝင်ဖို့ မှတ်ပုံတင်တဲ့နေရာမှာ အခက်အခဲဖြစ်ခဲ့ပေမယ့် အိုလ်မိုဟာ ကစားခွင့်ရခဲ့အချိန်မှာပဲ ခြေစွမ်းကောင်းကို စတင်ပြသခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ရုံမက ဘာစီလိုနာရဲ့ကွင်းလယ်ပိုင်းကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အိုလမိုသာမက ယခုပွဲစဉ်မှာ ဘာစီလိုနာရဲ့ ပါရမီရှင်ကစားသမားလေးတွေဖြစ်တဲ့ ပီဒရီနဲ့ လာမိုင်းယာမယ်တို့ကလည်း ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး ပီဒရီက ချေပဂိုးသွင်းယူပေးနိုင်ခဲ့ကာ ယာမယ်ကတော့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဘာစီလိုနာအတွက် ၃ ပွဲဆက်တိုက်ခြေစွမ်းပြသခဲ့တဲ့ ပီဒရီကဆွတ်ခူးရရှိခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular