spot_img

ပြင်သစ်ဖလား ဗိုလ်လုပွဲအပြီးတွင် အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ဘာပေ ဖြေကြားခြင်းမရှိ

PSG အသင်းတိုက်စစ်မှူး ဘာပေသည် ပြင်သစ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားခြင်းမရှိကြောင်း သိရသည်။

PSG အသင်းသည် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားသည့် ပြင်သစ်ဖလားဗိုလ်လုပွဲတွင် မိုနာကိုအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး (၁၉) မိနစ်တွင် အီကာဒီက အဖွင့်ဂိုးနှင့် (၈၁) မိနစ်တွင် ဘာပေက ဒုတိယဂိုးသွင်းယူပေးခဲ့သည်။

myan789

ယင်းပွဲအပြီးတွင် France 2 ရုပ်သံက လာမည့်ရာသီ အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းရာ ဘာပေက “ပျော်နေကြတဲ့သူတွေ အားလုံးကို ကြည့်လိုက်ပါ။ အဲဒါက အရေးကြီးဆုံးအချက်ပါပဲ။ အဲဒီအထဲမှာ ကျွန်တော်က အရင်ဆုံးပျော်တဲ့သူပါ။ ဒီလိုခံစားမှုမျိုး၊ ဆုတံဆိပ်မျိုး၊ အသိအမှတ်ပြုမှုမျိုးရဖို့ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း အလုပ်လုပ်နေကြတာပါ။ ဒီဆုဖလားက ကျွန်တော်တို့အတွက်၊ ကလပ်အတွက် အလုပ်လုပ်ပေးနေကြတဲ့ ဝန်ထမ်းတွေနဲ့ ဒီနေရာမှာရှိမနေနိုင်တဲ့ ပရိသတ်တွေအတွက်ပါ။ PSG အသင်းဆိုတာ ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်သင်း၊ ဒီနိုင်ငံရဲ့ အကြီးကျယ်ဆုံးအသင်းဖြစ်ပြီး ဆုဖလားအားလုံးကို ရယူထားတဲ့အသင်းပါ။ ထပ်ပြီးပြောရရင် ငယ်ရွယ်နုပျိုတဲ့ကလပ်ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒီသမိုင်းမှတ်တမ်း မှာ အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရချင်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ဘာပေနှင့် PSG အသင်းတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး ရီးယဲလ်နှင့် မန်စီးတီးအသင်းတို့ က ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေသည်။

ဘာပေသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၄၆)ပွဲတွင် (၄၁)ဂိုး သွင်းယူထားပြီး ၎င်း၏ကစားသမားဘဝတစ်လျှောက် ဂိုးသွင်းအများဆုံးရာသီကို ပိုင်ဆိုင်ထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular