မန်ယူနောက်ခံလူ ဘာယီက အသင်းဖော် ပေါ့ဘာသည် လူအများ ထင်မြင်နေသကဲ့သို့ အလုပ်အပေါ် အာရုံမစိုက်သူမဟုတ်ဘဲ အလုပ်အလွန်ကြိုးစားသူဖြစ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဂွယ်လမ်ဘာလာဂွယ်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အသက်(၂၇)နှစ်အရှယ်ရှိ ပေါ့ ဘာသည် နောက်ဆုံး(၂)နှစ်တွင် ကြံ့ခိုင်မှုပြဿနာများ၊ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး ခြေစွမ်းတည်ငြိမ်မှုမရှိခဲ့ရာ ၎င်း၏ အလုပ်အပေါ် အာရုံစိုက်မှုအား ပရိသတ်များ၊ မီဒီယာများက မကြာခဏ ဝေဖန်ခဲ့ကြသည်။ လက်ရှိတွင်လည်း ပေါ့ဘာသည် ဒဏ်ရာကြောင့် အနားယူနေရသည်။
ပေါ့ဘာ၏ အသင်းဖော် နောက်ခံလူ ဘာယီက ထိုစွပ်စွဲသုံးသပ်ချက်များမှာ မှားယွင်းနေကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘာယီက ” ပေါ့ဘာ က ပျော်ပျော်နေတတ်တယ်။ ပုံရိပ်တစ်ခုကို ပုံဖော်နေတတ်တယ်။ သူ့ကို သေချာမသိရင် သူဟာ ကိုယ်လုပ်ရမယ့် အလုပ်အပေါ် သေချာအာရုံမစိုက်သူလို့ ထင်စရာရှိတယ်။ ဒါပေမဲ့ သူက အဲဒီလို မဟုတ်ပါဘူး။ သူက အလွန်ပရိုပီသပြီး အလွန်အလုပ်ကြိုးစားသူပါ။ လူတွေက သူ့ကိုကြည့်ပြီး ဘာမှ အလေးမစိုက်တတ်သူလို့ ထင်မြင်ကြပေမဲ့ ဒါဟာ မှားပါတယ်။ သူ ဘယ်လိုလူလဲဆိုတယ သိချင်ရင် သူနဲ့ သေချာသိမှပဲ ရလိမ့်မယ်။ အားလုံးခြုံပြီး ပြောရရင်တော့ သူဟာ အရမ်းအလုပ်ကြိုးစားတဲ့သူ၊ ပရော်ဖက်ရှင်နယ်ပီသတဲ့သူ ဖြစ်ပါတယ်” ဟု ဂွယ်လမ်ဘာလာဂွယ် ၏ YouTube Channel သို့ ပြောကြားခဲ့သည်။