ရီးယဲလ်အသင်းသည် လာမည့်နွေရာသီတွင် မန်ယူကွင်းလယ်လူ ပေါ့ဘာကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် စောင့်ကြည့်နေကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။
မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းက ၎င်း၏အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်။
ရီးယဲလ်အသင်းသည် ပေါ့ဘာကို ခေါ်ယူခြင်းဖြင့် ၎င်း၏ပြင်သစ်အသင်းဖော်ဖြစ်သူ ဘာပေကို ခေါ်ယူရန်ကြိုးပမ်းရာတွင် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်နေကြောင်း AS က ဖော်ပြခဲ့သည်။