spot_img

ပေါ့ဂ်ဘာကို ရောင်းထုတ်ပြီး အသင်းသား တစ်ဦးကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်းလိုက်တဲ့ ရှရင်ဂမ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ 1999 ခုနှစ် တုန်းက ဟီးရိုး တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း တက်ဒီ ရှရင်ဂမ် က အသင်း ပြောင်းဖို့ သတင်းတွေ တစ်ဖန် ကျယ်လောင် လာခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာကို ရောင်းထုတ် လိုက်ဖို့ အသင်းဖော်ဟောင်း ဆိုးလ်ရှားကို တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းကပဲ ပေါ့ဂ်ဘာရဲ့ အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာက သူ့ရဲ့ ကစားသမား ဖြစ်သူဟာ အိုးလ် ထရပ်ဖို့ဒ် မြေမှာ မပျော်ရွှင်တော့ကြောင်း ၊ သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝဟာ ကုန်ဆုံး သွားပြီ ဖြစ်ကြောင်း ပြောကြားရင်း ပေါ့ဂ်ဘာ ရဲ့ အပြောင်းအရွှေ့ သတင်းကို နောက်တစ်ကြိမ် ကျယ်လောင်စေခဲ့ ပါတယ် ။

myan789

အဲ့ဒီနောက် လက်ပ်ဇစ် အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ ပေါ့ဂ်ဘာဟာ ပွဲထွက် ကစားသမား အဖြစ် မပါဝင်ခဲ့ရ သလို ရှုံးပွဲ တွေ့ကြုံနေခဲ့တဲ့ အသင်းရဲ့ ပထမမြောက် လူစားဝင် ကစားသမားလည်း ဖြစ်ခွင့် မရနိုင်ခဲ့ ပါဘူး ။ သူဟာ ပွဲချိန် 61 မိနစ်မှ လူစားဝင် ကစားပေးပြီး အသင်း အတွက် ဒုတိယမြောက် ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် အဆုံးသတ် မှာတော့ ယူနိုက်တက် တို့ဟာ 3 – 2 ဆိုတဲ့ ရလဒ် နဲ့ လက်ပ်ဇစ် အသင်းကို ရှုံးနိမ့် သွားခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှ လှည့်ပြန် သွားခဲ့ရ ပါတယ် ။ အဲ့ဒီနောက် ပေါ့ဂ်ဘာကို အသင်းမှ ရောင်းထုတ် သင့်ပြီ ဖြစ်ကြောင်း တိုက်တွန်းသူ များခဲ့ပြီး အခုတော့ ရှရင်ဂမ် ကလည်း ရောင်းထုတ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ပြောခဲ့လိုက် ပါတယ် ။

” သူ့ရဲ့ အေးဂျင့် မှတ်ချက်ပေးနေမယ့် အစား ပေါ့ဂ်ဘာ ကိုယ်တိုင် ဒါကို ထုတ်ပြောနိုင်ပါတယ် ။ အခုဆိုရင် အချိန် သုံး ၊ လေးလ ကြာမြင့်တိုင်း သူ့ရဲ့ အေးဂျင့် ဒါမှမဟုတ် ပေါ့ဂ်ဘာ ကိုယ်တိုင် က အပြောင်းအရွှေ့ လုပ်ဆောင်ရေး နဲ့ ပတ်သက်တဲ့ စကား တွေကို ပြောဆိုကြ လိမ့်မယ် ဆိုတာမျိုး ဖြစ်နေခဲ့ရ ပါပြီ ။ ဒါဟာ မကောင်း ပါဘူး ”

” အကယ်လို့ ခင်ဗျားဟာ မန်နေဂျာ တစ်ယောက် ဆိုရင် ဒါကို မဖြစ်စေပဲ ရှေ့ဆက်လို့ ရနိုင် ပါတယ် ။ ခင်ဗျားက ပြသနာ တွေကို ရှင်းလိုက်ပြီလို့ ထင်ပါ လိမ့်မယ် ။ အဲ့ဒီနောက် ပေါ့ဂ်ဘာ ကလည်း အကောင်းဆုံး ကစားပြ ပါလိမ့်မယ် ။ ဒါပေမယ့် ရလဒ်ကောင်း ရှာဖွေဖို့ အမှန်တကယ် လိုအပ်နေတဲ့ ပွဲကြီးပွဲကောင်း မတိုင်ခင်မှာ အခုလို လေသံ တွေ ပြန်လည် ထွက်ပေါ် လာခဲ့ရ ပါတယ် ”

” ဒီလို အရာမျိုးက ပေါ့ဂ်ဘာ ၊ ဒါမှမဟုတ် သူ့ရဲ့ အေးဂျင့် ဆီက ပုံမှန် ကြားနေခဲ့ ရတဲ့ စကားတွေလိုတောင် ဖြစ်နေခဲ့ရ ပါပြီ ။ ဒီအတွက် သူ့ကို ရောင်းထုတ်လိုက်တာကမှ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ် ” လို့ တက်ဒီ ရှရင်ဂမ် က ပေါ့ဂ်ဘာ ရဲ့ သတင်းတွေ မကြာခန ထွက်ပေါ် နေမှု အပေါ် ဆက်လက် သည်းခံလို့ မရနိုင်တော့ကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့လိုက် ပါတယ် ။

ပေါ့ဂ်ဘာကို ရောင်းထုတ်ဖို့ အတွက် အသင်းဟောင်း နဲ့ အသင်းဖော်ဟောင်း ဆိုးလ်ရှား တို့ကို တိုက်တွန်း ခဲ့တဲ့နောက် ရှာရင်ဂမ် က ယူနိုက်တက် အနေနဲ့ ရာသီ အစတုန်းက ပြသနာတွေ ဖြစ်ခဲ့ ရတဲ့နောက် တည်ငြိမ်တဲ့ ပုံစံကောင်း တွေကို ပြသဖို့ ရုန်းကန် နေခဲ့ရပြီး ကစားပုံ လျော့တိလျော့ရဲ ဖြစ်နေခဲ့တဲ့ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဟယ်ရီ မက်ဂွားယားကို တွေ့လိုက်ရတဲ့ အချိန်တိုင်း သူဟာ ကြာလရှည် အသင်း အတွက် အကျိုးပြု ပေးနိုင်လိမ့်မယ်လို့ မြင်မိခဲ့ ပါတယ် ။ သူဟာ ဂုဏ်ထူးမှတ် ရရှိ နိုင်စွမ်း ရှိတဲ့ ကစားသမားမျိုးပါ ။ သူဟာ စိတ်ဓါတ် ၊ စရိုက် လက္ခဏာ အရမ်း အရမ်းကို ကောင်းတယ်လို့ ကျွန်တော် ထင်မိ ပါတယ် ”

” ဟုတ်ပါတယ် ၊ သူဟာ ရာသီ အစတုန်းက ပြသနာတွေ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ခင်ဗျားဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်နေမယ် ဆိုရင် ဒါကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရလိမ့်မလဲ ဆိုတာကို လေ့လာ သိရှိလာပါ လိမ့်မယ် ။ ခင်ဗျားဟာ ခက်ခဲမယ် ၊ ကျော်ဖြတ်ရမယ် ၊ ပြီးရင် အကောင်းဆုံး ရှေ့ဆက် သွားရမှာ ပါပဲ ”

” ပြီးတော့ ခင်ဗျားဟာ အနားမှာ လူကောင်း တွေကိုလည်း ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ဒါ့ကြောင့် သူ အကောင်းဆုံး ပြန်လာဖို့ ကျွန်တော် မျှော်လင့် နေခဲ့ ပါတယ် ။ အိုလီ ကတော့ သူ့ဖက်မှာ ရှိနေတယ်လို့ ထင်ပါတယ် ။ သူ့ဟာ ယုံကြည်မှုတွေ ပေးနေတာကို မြင်တွေ့နေရတယ်လေ ။ ဟယ်ရီက ထိပ်တန်း ကစားသမား တစ်ယောက်ပါ ” လို့ ရှရင်ဂမ် က တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular