spot_img

ပိုချက်တီနို၏ တောင်းဆိုမှုအရ ဗလာဟိုဗစ်ကို ပေါင်သန်း(၇၀)ဖြင့် ချယ်လ်ဆီး ကမ်းလှမ်းထားပြီး ဇွန်လအတွင်း ကစားသမားများစွာကို ရောင်းထုတ်ရန် စီစဉ်နေကြောင်းလည်း သတင်းထွက်နေ

ချယ်လ်ဆီးအသင်းသည် နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထားသည့် ပိုချက်တီနို၏ တောင်းဆိုမှုအရ ဂျူဗင်တပ်စ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ပေါင်သန်း(၇၀)ဖြင့် ကမ်းလှမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ချယ်လ်ဆီးအသင်းသည် စပါးနည်းပြဟောင်း ပိုချက်တီနိုကို ရာသီကုန်ချိန်တွင် စတင်ခန့်အပ်ရန် စီစဉ်ထားပြီး အသင်းကို ပိုချက်တီနို၏ ဆန္ဒှနှင့်အညီ ပြန်လည်တည်ဆောက်သွားမည်ဖြစ်ရာ ကစားသမားအပြောင်းအလဲများစွာ ဖြစ်ပေါ်ဖွယ်ရှိကြောင်းလည်း သိရသည်။

myan789

လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ ပိုချက်တီနိုသည် ဂိုးသမားသစ်တစ်ဦး၊ ကွင်းလယ်ကစားသမားသစ်တစ်ဦးနှင့် တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားရန် လိုလားနေရာ ချယ်လ်ဆီးအသင်းက ဗလာဟိုဗစ်ကို စတင်ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဗလာဟိုဗစ်သည် ၂၀၂၂ ဇန်နဝါရီကမှ ဂျူဗင်တပ်စ်အသင်းထံ ရောက်ရှိခဲ့သူ ဖြစ်သော်လည်း အသင်းမှ ပြန်လည်ထွက်ခွာရန် ဆန္ဒရှိနေ ပြီး ၎င်းကို ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကိုတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။

ချယ်လ်ဆီးအသင်းသည် မူလက နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ပစ်မှတ်ထားခဲ့သော်လည်း ခေါ်ယူနိုင်ရန် မလွယ်ကူသည့်အတွက် ဗလာဟိုဗစ်ကို ဦးစားပေးအဖြစ် ပြောင်းလဲချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချယ်လ်ဆီးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲရန် ပြင်ဆင်နေသည့် ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။

ကင်မစ်ချ်ကို အာဆင်နယ်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ မန်ယူနှင့် မန်စီးတီးတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ဘိုင်ယန်မြူးနစ်က ၎င်းအား ရောင်းထုတ်လိုခြင်းမရှိသော်လည်း ကစားသမားကိုယ်တိုင်ကမူ အသင်းတွင် မပျော်ရွှင်တော့သည့်အတွက် လမ်းခွဲဖွယ်ရှိကြောင်း ထင်ကြေးပေးခံထားရသည်။

ချယ်လ်ဆီးအသင်းသည် ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လက်ထက်တွင် အပြောင်းအရွှေ့စျေးကွက်နှစ်ခု၌ ပေါင် သန်း(၆၀၀)နီးပါး သုံးစွဲထားသည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန် အသင်းမှ ကစားသမားများစွာကို ရောင်းချပြီးမှသာ ကစားသမားသစ်များ ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် အသင်းတွင် နေရာပေးနိုင်ခြင်းမရှိသည့် ကစားသမားများကိုလည်း ရှင်းထုတ်ရန် လိုအပ်သောကြောင့် လာမည့်နွေရာသီတွင် ချယ်လ်ဆီးအသင်းမှ ကစားသမားများစွာ ထွက်ခွာရဖွယ်ရှိကြောင်း သုံးသပ်နေကြခြင်းဖြစ်သည်။

ဗြိတိန်သတင်းစာ Evening Standard က ချယ်လ်ဆီးအသင်းအနေဖြင့် ဇွန်(၃၀)မတိုင်မီ ကစားသမားများစွာကို ရောင်းထုတ်သွားရန် ဆန္ဒရှိနေပြီး ယင်းကစားသမားများထဲ၌ အူဘာမီယန်း၊ ကိုဗာချစ်၊ ပူလီဆစ်၊ ဇီယာ့ရှ်၊ မန်ဒီ၊ အိုဒွိုင်းနှင့် လော့ဖ်တပ်စ်ချိခ်တို့ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular