မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ အပတ် က နိုင်ပွဲ အပြီးမှာ အမှတ်ပေး ဇယား ရဲ့ အဆင့် ၃ နေရာကို ရောက်ရှိလာ ခဲ့ပြီး လက်ကျန် တစ်ပွဲ ရှိနေ သေးတာ ကြောင့် အဆင့် ၂ နေရာ အထိ တက်လှမ်းဖို့ အခွင့် အလမ်း ရှိနေ ပါတယ် ။ ဒါကြောင့် ယူနိုက်တက် ဟာ ချန်ပီယံ လီဗာပူး ကို အနီးကပ်ဆုံး ဖိအား ပေးနိုင်မယ့် အသင်း ဖြစ်လာ နိုင်တယ် ဆိုတဲ့ သုံးသပ်ချက် တွေ ပေါ်ထွက် လာခဲ့ ပါတယ် ။
ဒါပေမယ့် အိုလီ ဂန်နာ ဆိုးရှား က တော့ သူတို့ အသင်းဟာ ချန်ပီယံ ဆု နဲ့ ပတ်သက်ပြီး ပြောဆို နေဖို့ ထက် ရှေ့ လာမယ့် ပွဲတွေ ကိုသာ တစ်ပွဲချင်း ကစား သွားဖို့ ဦးစွာ အာရုံစိုက် ဖို့ လိုအပ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။
“ကဲ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ၊ မန်ယူနိုက်တက် နဲ့ ပတ်သက်ပြီး အသံတွေ ကျယ်ကျယ် လောင်လောင် ထွက်နေ ကြပါတယ် ။ ကျွန်တော် တို့ အတွက် ကတော့ အသင်း တစ်သင်း အနေနဲ့ တိုးတက် စရာ ရှိတာကို တိုးတက် အောင် လုပ်ပြီး တစ်ပွဲချင်း အတွက် သေချာ ပြင်ဆင် သွားရမှာပါ”
“ဖလား ကို စိန်ခေါ် နိုင်မယ် စိန်မခေါ် နိုင်ဘူး ဆိုတာ ကတော့ ရာသီ ကုန်ခါ နီးမှပဲ ပြောနိုင် မှာပါ ။ ဒါကြောင့် အခု ဒီအကြောင်း က ပြောဆို ဆွေးနွေး ဖို့ လိုအပ်တဲ့ အရာလို့ ကျွန်တော် မထင် ပါဘူး ။ အခု ကျွန်တော်တို့ အာရုံစိုက် ရမယ့် တစ်ခု တည်းသော အရာက တစ်နေ့ပြီး တစ်နေ့ သင်ယူမယ် ၊ တိုးတက် အောင် လုပ်မယ် ၊ အခု ဖြစ်ပျက် နေတဲ့ ကိစ္စတွေ ကို ရင်ဆိုင် ဖြေရှင်းမယ် ။ အခု နေချီးကျုး ခံနေရ ပေမယ့် သိပ်မကြာခင်မှာ ပဲ ကဲ့ရဲ့ အပြစ်တင် ခံရနိုင်ပါတယ် ။ ဒါတွေ ကို ရင်ဆိုင် နိုင်အောင် ကြိုးစား ရမှာပါ” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက် စတာ ယူနိုက်တက် ဟာ ယနေ့ည မြန်မာ စံတော်ချိန် ( 7:00 နာရီ ) မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အဖြစ် လက်စတာ စီးတီး အသင်းရဲ့ ကင်းပါဝါ ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး နှစ်သစ်ကူး ကာလ မှာတော့ ဝုဗ် ( အိမ်ကွင်း ) ၊ ဗီလာ ( အဝေးကွင်း ) တို့ကို ဆက်လက် ယှဉ်ပြိုင် ကစား သွားရ မှာပဲ ဖြစ် ပါတယ် ။
ဆိုးရှား ကတော့ “လက်စတာ ဟာ ဦးဆောင်ဂိုး ပေးလို့ မရတဲ့ အသင်းမျိုးပါ ၊ သူတို့ ဂိုးစ ရသွား မယ်ဆိုရင် ပွဲက တော်တော်လေး ခက်ခဲ သွားနိုင် ပါတယ် ။ သူတို့ မှာ ခံစစ် ကနေ တိုက်စစ် ကို မြန်မြန် ကူးပြောင်း နိုင်တဲ့ ကစား သမားတွေ ရှိနေ ပါတယ် ။ ဒါကြောင့် ကိုယ့်ဘက်က သတိမထား ဘူးဆိုရင် ၃-၄ ဂိုးလောက် ပေးလိုက် ရမှာပါ”
“လိဒ် နဲ့ တုန်းက ကျွန်တော်တို့ အစ အရမ်း ကောင်းခဲ့ ပါတယ် ။ ဒါဟာ တိုးတက် လာတာပါပဲ ။ အဖွင့်ဂိုးဟာ ပွဲကို အမြဲတမ်း သက်ရောက်မှု ကြီးမားပါတယ် ။ ဒီည ပွဲမှာ လည်း ဒါကို ကျွန်တော်တို့ အရ ယူနိုင်မယ် လို့ မျှော်လင့် ပါတယ်” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက် စတာ ယူနိုက်တက် ဟာ အဝေးကွင်း ဆယ်ပွဲဆက် အနိုင် ကစား ထားခဲ့ပြီး အကယ်၍သာ ယနေ့ည ပွဲကို အနိုင် ကစား နိုင်ခဲ့ ပါက ချဲလ်ဆီး အသင်း တင်ရှိ ထားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း နိုင်ပွဲဆက် အများဆုံး စံချိန် ကို လိုက်မီ နိုင်တော့ မှာပဲ ဖြစ် ပါတယ် ။