ဘရိုက်တန် – လီဗာပူးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၈ ရက် ည ၇:၀၀ နာရီ)
လီဗာပူးလ်အတွက် အခက်အခဲရှိပါတယ်။ ခံစစ်ပြဿနာကို လက်စတာနဲ့ပွဲမှာ ကောင်းကောင်းဖြေရှင်းပြခဲ့ပေမဲ့ တစ်ပွဲတည်းကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့ ပြဿနာမျိုး မဟုတ်ဘူး။ ဝဲလ်ဘက်-မူပေးအတွဲက လီဗာပူးလ်ခံစစ်ကို ဒုက္ခပေးနိုင်ခြေရှိတယ်။ ဘရိုက်တန်ရဲ့မာကျောမှုကလည်း လီဗာပူးလ်ကို အခက်တွေ့စေလိမ့်မယ်။ ချယ်လ်ဆီး-စပါး တွေ့ဆုံမှုကို လီဗာပူးလ် အခွင့်အရေးယူမှာဖြစ်ပေမဲ့ (၁-၂)လောက်နဲ့ပဲ နိုင်မယ်။
မန်စီးတီး – ဘန်လေ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၈ ရက် ည ၉:၃၀ နာရီ)
မန်စီးတီးနဲ့ ဘန်လေက အစစအရာရာကွာခြားပါတယ်။ မန်စီးတီး ရလဒ်တွေ ဆိုးနေချိန်ဆိုပေမဲ့ တကယ်တော့ ပွဲကျပ်တွေကြောင့်ပါ။ ဘန်လေလိုအသင်းမျိုးကိုတော့ ခက်ခက်ခဲခဲကစားရမယ်မထင်ဘူး။ ဘန်လေကလည်း ဒီရာသီပရီးမီးယားလိဂ်မှာ ရုန်းကန်နေ ရတဲ့အသင်းဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲတုန်းကမှ နိုင်ပွဲတစ်ပွဲကို ခက်ခက်ခဲခဲ ရထားတဲ့အသင်းဖြစ်တယ်။ မန်စီးတီးနိုင်မယ်။ ဂိုးလည်းပြတ်သွားလိမ့်မယ်။
အဲဗာတန် – လိဒ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၈ ရက် ည ၁၂:၀၀ နာရီ)
လိဒ်စ်က ကစားပုံအရ အထင်ကြီးခံရပေမဲ့ ရလဒ်ပိုင်းကတော့ အရမ်းကောင်းနေတာမျိုးမဟုတ်ဘူး။ လက်စတာ၊ ပဲလေ့စ်တို့ကို ဂိုးပြတ်ရှုံးခဲ့သလို၊ အာဆင်နယ်နဲ့တုန်းကလည်း တစ်ယောက်သာအနေအထားကိုအသုံးမချနိုင်ခဲ့ဘူး။ အဲဗာတန်က ရလဒ်တွေ ဆက်တိုက်ဆိုးခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာတော့ နိုင်ပွဲပြန်ရခဲ့တယ်။ ခံစစ်ပြဿနာတော့ရှိနေဆဲပဲ။ လက်ရှိအနေအထားအရ အဲဗာတန်ပိုကောင်းပါတယ်။ ဂိုးပြတ်ဖို့တော့မလွယ်ဘူး။
ဝက်စ်ဘရွန်း – ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၉ ရက် နံနက် ၂:၃၀ နာရီ)
နှစ်သင်းစလုံး အခြေအနေဆိုးနေကြတယ်။ ရလဒ်တွေ ဆက်တိုက်ကျဆင်းနေပြီး ဒီရာသီ နိုင်ပွဲမရသေးတဲ့အသင်းတွေလည်းဖြစ်တယ်။ နှစ်သင်းစလုံးရဲ့ခြေစွမ်းကမဆိုးဘူးလို့ ပြောနိုင်တယ်။ ပြိုင်ဘက်တွေကို ရုပ်ပျက်ဆင်းပျက်မဖြစ်အောင်လည်းကစားနိုင်တယ်။ အဓိက ပြဿနာက တိုက်စစ်ပိုင်းတွေအားနည်းတာ ဖြစ်နေတယ်။ လက်ရှိခြေအရဆိုရင် ဝက်စ်ဘရွန်းကတော့ ပိုကောင်းတယ်။ ဝက်စ်ဘရွန်း နိုင်ပွဲစရသွားနိုင်တယ်။