spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၇)ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာ – ဆောက်သမ်တန် (တနင်္ဂနွေ ညနေ ၆း၃၀ နာရီ)
အက်စတွန်ဗီလာက ရာနှုန်းပြည့်နိုင်ပွဲရနေခဲ့ပြီးမှ လိဒ်စ်နဲ့ ပွဲမှာ ရှုံးပွဲတွေ့ခဲ့တယ်။ ဆောက်သမ်တန်ကတော့ ရလဒ်တွေဆက်တိုက်ကောင်းပြီး ခြေတက်လာတဲ့အသင်းပါ။ ရလဒ်ပိုင်း အရမ်းမကွာဘူး။ ပြီးတော့ ခြေစွမ်းလည်း မျှပါတယ်။ နှစ်သင်းစလုံး ဟန်ချက်ညီ တဲ့အသင်းတွေဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဆောက်သမ်တန်ကစားပုံ ပိုကောင်းလာတယ်။ သရေကျဖို့ များပါတယ်။

နယူးကာဆယ် – အဲဗာတန် (တနင်္ဂနွေည ၈း၃၀ နာရီ)
ရာသီအဖွင့် (၄)ပွဲဆက်အနိုင်ရခဲ့ပြီးနောက် လီဗာပူးလ်ကို သရေကျပြီး၊ ဆောက်သမ် တန်ကို ရှုံးခဲ့တဲ့အတွက် အဲဗာတန်ရဲ့ထိပ်ဆုံးနေရာက သိပ်ကြာကြာခံတော့မဲ့ပုံမပေါ် ဘူး။ ပြီးခဲ့တဲ့ပွဲမှာ အန်ဒရေဂိုးမက်စ်၊ ရစ်ချာလီဆန်တို့မပါတဲ့အချိန်မှာ တိုက်စစ်ပိုင်းရော၊ အ သင်းလိုက်ဟန်ချက်ပါ ထိခဲ့တာကိုတွေ့ရတယ်။ နယူးကာဆယ်က မာကျောပေမဲ့ စိတ်မချ ရပါဘူး။ အဲဗာတန် ကပ်နိုင်ဖို့တော့ရှိပေမဲ့ သရေလည်းကျသွားနိုင်တယ်။

myan789

မန်ယူ – အာဆင်နယ် (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
အာဆင်နယ်ရဲ့ခြေစွမ်းက မနှစ်က ရာသီပိတ်ပုံစံမျိုးမဟုတ်တော့ဘူး။ လီဗာပူးလ်၊ လက်စတာတို့နဲ့ပွဲတွေမှာ တော်တော် လေးအားနည်းပါတယ်။ အထူးသဖြင့် အူဘာမီယန်း ဂိုးရဖို့ ရုန်းကန်နေရပြီး၊ သူ ဂိုးမသွင်းနိုင်ရင် တခြားကစားသမားတွေဆီက သွင်းဂိုးတွေ မျှော်လင့်ဖို့ ခက်နေတာက အာဆင်နယ်ကို ဒုက္ခပေးနေတယ်။ မန်ယူက စပါးကို ဂိုးပြတ်ရှုံးပြီးတဲ့နောက် ခြေတက် လာတာတွေ့ရတယ်။ အထူးသဖြင့် ဒုတိယပိုင်းပါ။ ပထမပိုင်းမှာ ရုန်းကန်နေရင်း ဒုတိယပိုင်းမှာ ကစားအားတက်လာပြီး အခွင့် အရေးတွေကို ရှာနိုင်တာမျိုးကို နယူးကာဆယ်၊ ချယ်လ်ဆီး၊ PSG တို့နဲ့ ပွဲတွေမှာ မြင်ရတယ်။ ဒီရာသီအသင်းကြီးတွေနဲ့ အိမ် ကွင်းပွဲတွေက အခြေအနေဆိုးနေတယ်။ စပါးကို ဂိုးပြတ်ရှုံးပြီး ချယ်လ်ဆီးကိုလည်း သရေပဲ ကစားနိုင်ခဲ့တယ်။ လက်ရှိအနေအ ထားအရ မန်ယူရဲ့ ကစားပုံက နည်းနည်းလေးပိုကောင်းတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့ကျစ်လျစ်မှု၊ စုဖွဲ့မှုက မန်ယူ ဂိုးသွင်းဖို့ ခက်နိုင်တဲ့ အနေအထားမျိုးလည်းဖြစ်တယ်။ သရေကျနိုင်တယ်။ အနိုင်ဆိုရင်တော့ မန်ယူကိုကြိုက်တယ်။

စပါး – ဘရိုက်တန် (တနင်္လာနံနက် ၁း၄၅ နာရီ)
စပါးက ဒီရာသီမှာ သိသိသာသာကောင်းလာတယ်။ ခံစစ်ကစားပုံသာ တိုးတက်လာ ရင် လက်ရှိတိုက်စစ်ကြောင့် ပိုကောင်းတဲ့ ရပ်တည်မှုမှာ ရှိနေမဲ့ ပုံစံဖြစ်ပြီး တစ်ခုခုလုပ် ပြမဲ့ ရာသီလို့ မျှော်လင့်ရတယ်။ ဘရိုက်တန်က ခြေစွမ်းမဆိုးပေမဲ့ ရလဒ်ကျဆင်းနေပြီး တဖြည်းဖြည်း နိုင်ပွဲပျောက်နေပါတယ်။ ဒီရာသီ အိမ်ကွင်းနိုင်ပွဲမရသေးတဲ့ စပါးအတွက် တော့ ပထမဆုံး နိုင်ပွဲယူမဲ့ပွဲဖြစ်လာလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular