ဘရိုက်တန် – ဘရန့်ဖို့ဒ် ( ကြာသပတေးနံနက် ၂း၀၀ နာရီ)
ဘရိုက်တန်က အဓိက နောက်ခံလူတချို့ ဒဏ်ရာရနေ သလို ကွင်းလယ်ကလည်း နည်းနည်းတော့ အားနည်းတယ်။ က စားပုံကောင်းတာမှန်ပေမယ့် ဘောလုံးထိန်းချုပ်မှုအပိုင်းမှာ ကောင်းသလောက် ခံစစ်ကို ကူနိုင်တဲ့အပိုင်းမှာတော့ တော် တော်လေး အားနည်းပြီး အပေါက်အပြဲများတယ်။ ဘရန့်ဖို့ဒ်က အခုအချိန်မှာ ခြေပြန်တက်လာပြီး ရလဒ်ကောင်းတွေလည်း ယူ နေတာတွေ့ရတယ်။ ဘရန့်ဖို့ဒ်ကို ကြိုက်တယ်။
ခရစ္စတယ်ပဲလေ့စ် – ဘုန်းမောက် ( ကြာသပတေးနံနက် ၂း၀၀ နာရီ)
ခရစ္စတယ်ပဲလေ့စ်က နောက်ပိုင်းပွဲတွေမှာ ရုန်းကန်နေရ ပြီး ဘုန်းမောက်ကတော့ သိသိသာသာ ခြေတက်လာတယ်။ ရ လဒ်တွေလည်း ကောင်းလာတာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ ရာသီ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပဲလေ့စ်က နှစ်ကျော့စလုံး အနိုင်ရ ခဲ့ပေမယ့် ဘုန်းမောက် ခြေပျက်နေတဲ့အချိန်ပါ။ လက်ရှိအနေ အထားအရဆိုရင် ဒီပွဲက သရေပွဲပါပဲ။
ဖူလ်ဟမ် – နော်တင်ဟမ် ( ကြာသပတေးနံနက် ၂း၀၀ နာရီ)
ဖူလ်ဟမ်က ခံစစ်အားနည်းပြီး ရလဒ်တွေလည်း သိပ် မကောင်းပေမယ့် နောက်ဆုံးပွဲမှာတော့ လီဗာပူးလ်ကို မထင်မှတ် ပဲ အကြိတ်အနယ်ကစားသွားနိုင်တာ တွေ့ရတယ်။ လီဗာပူးလ် ခံစစ်ကို ဂိုးတွေလည်း ပြန်သွင်းနိုင်ခဲ့တယ်။ နော်တင်ဟမ်က က စားပုံမဆိုးပေမယ့် ရလဒ်တွေ ကျဆင်းလာပါတယ်။ ဖူလ်ဟမ် အသင်းအိမ်ကွင်းမှာ ရလဒ်ကောင်းနိုင်တယ်။
ရှက်ဖီးယူနိုက်တက် – လီဗာပူးလ် ( ကြာသပတေးနံနက် ၂း၀၀ နာရီ)
လီဗာပူးလ်အသင်းကတော့ ဖူလ်ဟမ်အသင်းကို အိမ် ကွင်းမှာ အနိုင်ကစားပြီးတဲ့နောက်၊ နောက်ထပ် ၃ မှတ် ယူရ မယ့်ပွဲတစ်ပွဲကို ကစားရမှာဖြစ်တယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းက ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်တဲ့ အရည်အသွေး ရှိသလို၊ ခံစစ်ပိုင်းကလည်း သိသိသာသာ တိုးတက်လာခဲ့တယ်။ ဒီရာသီ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဘောလုံးကိုင်က စားပုံကောင်းသလို၊ မြန်မြန်ဆန်ဆန်တိုက်စစ်ဆင် ကစားနိုင် တဲ့အသင်းတစ်သင်းလည်းဖြစ်တယ်။ ရှက်ဖီးယူနိုက်တက်က နောက်ဆုံး ၂ ပွဲမှာ ၈ ဂိုးပေးထားရတဲ့အသင်းဖြစ်ပြီး ဘန်းမောက်၊ ဘန်လေတို့ရဲ့တိုက်စစ်တွေကို ဒီလောက်ဂိုးတွေ ပေးခဲ့ရတာက စိတ်ပျက်စရာပါ။ လီဗာပူးလ်အတွက် လွယ်လွယ်ကူကူရမယ့် ဂိုးတွေနဲ့ အနိုင်ယူမယ့်ပွဲလို့လည်း ဆိုရမယ်။
အက်စတွန်ဗီလာ – မန်စီးတီး ( ကြာသပတေးနံနက် ၂း၄၅ နာရီ)
မန်စီးတီးအသင်းအတွက် ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ ခြေစွမ်းက ပြည့်စုံတဲ့ အနေအထားမျိုးတော့ မဟုတ်ဘူး။ အားနည်းချက် တွေရှိတယ်။ အခြားတစ်ဖက်မှာတော့ အက်စတွန်ဗီလာရဲ့ ခြေစွမ်း၊ တိုက်စစ်နဲ့ အိမ်ကွင်းရလဒ်တွေကလည်း ပြောစရာ ရှိတယ်။ အက်စတွန်ဗီလာရဲ့ တိုက်စစ်ပိုင်းက မန်စီးတီးတင် မဟုတ်ပဲ ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့တိုက်စစ်မျိုး ဖြစ်ပြီး အိုလီဝက်ကင်စ်၊ ဒီယာဘီတို့ရဲ့ တိုက်စစ်၊ တီလေမန်းစ် နဲ့ ဒူးဂလပ်စ်လူးဝစ်ဇ်တို့ရဲ့ ကွင်းလယ်တွေက တော်တော် လေးအားကောင်းတဲ့ အနေအထားဖြစ်နေတယ်။ မန်စီးတီး အသင်း သေချာပေါက် နိုင်ပွဲရနိုင်တယ်လို့ ပြောရခက်တဲ့ အ နေအထားမျိုး ဖြစ်တယ်။ ထိပ်တန်းအသင်းတစ်သင်းလို ဖြစ် နေတဲ့အသင်းမျိုးနဲ့ ကစားရမှာဖြစ်ပြီး ခက်ခက်ခဲခဲ ကစားရ လိမ့်မယ်။ မန်စီးတီးအသင်းရဲ့ နောက်ပိုင်းပွဲရလဒ်တွေကို ကြည့်ရင် သရေကျလွယ်တာကိုလည်း တွေ့ရတယ်။ ဂိုးတွေ လည်း ပေးနေရတယ်။ ဒီအခြေအနေကြောင့် အက်စတွန်ဗီ လာအသင်းရဲ့ကွင်းမှာ မန်စီးတီးအသင်း သရေကျသွားခဲ့ရင် အံ့သြစရာတော့မဟုတ်ဘူး။
မန်ယူ – ချယ်လ်ဆီး ( ကြာသပတေးနံနက် ၂း၄၅ နာရီ)
မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီက ချယ်လ် ဆီးအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တယ်။ မန်ယူ နိုက်တက်အသင်းရဲ့ လက်ရှိ ရလဒ်ပိုင်းကလည်း နောက်ဆုံး ု၅ ပွဲမှာ ယူခဲ့တဲ့အမှတ်အရကြည့်မယ်ဆိုရင် ချယ်လ်ဆီးထက် ပိုကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီနှစ်သင်းရဲ့ လက် ရှိကစားပုံချင်းယှဉ်ရင် ချယ်လ်ဆီးက ပိုကောင်းပါတယ်။ အ ထူးသဖြင့် မန်ယူနိုက်တက်အသင်းထက် ချယ်လ်ဆီးက မာ ကျောပြီး ကျစ်လျစ်တာကို တွေ့ရတယ်။ အန်ဇိုဖာနန်ဒက်စ်၊ ဂယ်လက်ဂါ၊ ကိုင်စီဒိုတို့ရဲ့ ကွင်းလယ်က လက်ရှိ မန်ယူနိုက် တက် ကွင်းလယ်မှာ ကစားနေကြတဲ့ အတွဲထက်ပိုပြီး မာ ကျောသလို အလုပ်လုပ်နိုင်တယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်း ရဲ့ တိုက်စစ်ပိုင်းကလည်း နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက် တိုက်သွင်းနေပြီး မန်ယူနိုက်တက်အသင်းထက် စိတ်ချရတာ ကိုတွေ့ရတယ်။ မန်ယူနိုက်တက်အတွက် မျှော်လင့်ချက်က အိမ်ကွင်းမှာ ကစားရတာနဲ့ ကစားသမားတွေ တစ်ဦးချင်း ပုံ စံကောင်းကနေ ဂိုးတွေရတာကိုပဲ မျှော်လင့်ရလိမ့်မယ်။ လက်ရှိ အနေအထားအရတော့ ချယ်လ်ဆီးက မန်ယူနိုက်တက်ကို ကြောက်စရာမရှိပါဘူး။ ချယ်လ်ဆီးကို ကြိုက်တယ်။