spot_img

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အကောင်းဆုံးခေါ်ယူမှုအဖြစ် စီရော်နယ်လ်ဒိုကို Sky Sports ရွေးချယ်

ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနက ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အကောင်းဆုံးခေါ်ယူမှုအဖြစ် မန်ယူအသင်း တောင်ပံကစားသမားဟောင်း စီရော်နယ်လ်ဒိုကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

Sky Sports သတင်းဌာနသည် ခရစ္စမတ်နေ့ အထူးအစီအစဉ်အဖြစ် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးခေါ်ယူမှုဖြစ်ခဲ့သည့် ကစားသမား ၂၀ စာရင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် စီရော်နယ်လ်ဒိုက နံပါတ် ၁ အဖြစ် ဖော်ပြခံခဲ့ရသည်။ မန်ယူအသင်းသည် ၂၀၀၃ ခုနှစ် နွေရာသီတွင် စီရော်နယ်လ်ဒိုအား စပို့တင်းလစ္စဘွန်း အသင်းမှ ပေါင် ၁၂ ဒသမ ၂၄ သန်း ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းအတွက် ပထမဆုံး ပေါ်တူဂီကစားသမားဖြစ်လာသလို ထိုစဉ်အချိန်က အင်္ဂလိပ် ဘောလုံးလောက၏ ပြောင်းရွှေ့ ကြေးအမြင့်ဆုံး ဆယ်ကျော်သက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

myan789

၎င်းက နံပါတ် ၂၈ ဝတ်ဆင်ရန် ခွင့်တောင်းသော်လည်း ဂျော့ချ်ဘတ်စ်၊ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ် တို့ ဝတ်ဆင်ခဲ့သည့် ဂန္ထဝင်နံပါတ် ၇ ပေးအပ်သည်အထိ နည်းပြ ဖာဂူဆန်၏ ယုံကြည်အားကိုးမှုရရှိခဲ့သည်။ စီရော်နယ်လ်ဒိုသည် ဖာဂူဆန်၏ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းသို့ မပြောင်းရွှေ့မီ ခြောက်ရာသီအတွင်း ပြိုင်ပွဲစုံ ၂၉၂ ပွဲကစား ၁၁၈ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ချန်ပီယံ သုံးကြိမ်၊ FA ဖလား တစ်ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ် နှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ဆွတ်ခူးရယူနိုင်ခဲ့သည်။

ထို့ပြင် တစ်ဦး ချင်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု၊ Ballon d;Or ဆု၊ FIFPro အကောင်းဆုံးကစားသမား ဆု၊ PFA အကောင်းဆုံးကစားသမား ဆုနှင့် လူငယ်ကစားသမားဆု၊ ပရီး မီးယားလိဂ်အကောင်းဆုံးကစား သမားဆု၊ FWA အကောင်းဆုံး ကစားသမားဆု၊ ပရီးမီးယားလိဂ်နှင့် ဥရောပရွှေဖိနပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။ “သူ့ကိုခေါ်တဲ့အချိန်တုန်းက သူက ယူနိုက်တက်အတွက် ကောင်းတဲ့ခေါ်ယူမှုမဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ အခုအချိန်မှာတော့ ကျွန်တော်ပြောတဲ့စကားကို နားမထောင်ကြပါနဲ့” ဟု Sky Sports ၏ အစီ အစဉ်တင်ဆက်သူ တွမ်ဝှိုက်က ပြောကြားခဲ့သည်။

၁၉၉၉ ခုနှစ် သြဂုတ်တွင် ဂျူဗင်တပ်စ်အသင်းမှ ပေါင် ၁၁ သန်း ဖြင့် ပြောင်းရွှေ့လာပြီး အာဆင်နယ်အသင်းအတွက် ၂၂၈ ဂိုးသွင်းယူကာ ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသည့် အွန်နရီက ဒုတိယ၊ ၁၉၉၂ ခုနှစ် နိုဝင်ဘာတွင် လိဒ်စ်အသင်းမှ မန်ယူအသင်းသို့ ရောက်ရှိလာပြီး ငါးရာသီအတွင်း ၈၂ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ် ချန်ပီယံ လေးကြိမ်ရရှိခဲ့သည့် အဲရစ်ကန်တိုနာက တတိယ၊ ၂၀၀၁ ခုနှစ် ဇွန်တွင် ဝက်စ်ဟမ်းမှ ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့လာပြီး ကွင်းလယ်လူဖြစ်သော်လည်း ဂိုး ၂၁၀ ဖြင့် အသင်း၏ ဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသည့် လမ်းပတ်က စတုတ္ထ၊ မန်ယူအသင်းခေါင်းဆောင် ဟောင်း ရွိုင်ကင်းက ပဥ္စမနေရာ ရပ်တည်နိုင်ခဲ့သည်။

အကောင်းဆုံးခေါ်ယူမှု ထိပ်ဆုံး ၁၀ ဦးစာရင်းတွင် မန်ယူအသင်း မှ လေးဦးအထိ ပါဝင်ခဲ့သည်။

အကောင်းဆုံးခေါ်ယူမှု ထိပ်ဆုံး ၁၀ ဦး

အမည်                    မှ                     သို့
စီရော်နယ်လ်ဒို    လစ္စဘွန်း             မန်ယူ
အွန်နရီ             ဂျူဗင်တပ်စ်    အာဆင်နယ်
ကန်တိုနာ            လိဒ်စ်               မန်ယူ
လမ်းပတ်          ဝက်စ်ဟမ်း      ချယ်လ်ဆီး
ရွိုင်ကင်း             နော်တင်ဟမ်    မန်ယူ
ဒရော့ဘာ              မာဆေးလ်    ချယ်လ်ဆီး
ကမ်းဘဲလ်               စပါး        အာဆင်နယ်
ရွန်နီ                    အဲဗာတန်         မန်ယူ
ကွန်ပနီ               ဟမ်းဘတ်    မန်စီးတီး
ရှီးယား          ဆောက်သမ်တန်    ဘလက်ဘန်း

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular