ပရီးမီးယားလိဂ်တွင် နိုင်ပွဲတစ်ပွဲရရှိရန်အတွက် ပွဲစဉ်တိုင်းကို အသည်းအသန် တိုက်ပွဲဝင်နေရသည်ဟု စီရော်နယ်လ်ဒိုဝန်ခံ

မန်ယူအသင်း၏ ၀ါရင့်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုက ပရီးမီးယားလိဂ်တွင် ပွဲစဉ်တိုင်းကို အသည်းအသန်ယှဉ်ပြိုင်နေရပြီး နိုင်ပွဲတစ်ပွဲရရှိရန် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရသည်ဟု ဝန်ခံပြောကြားခဲ့သည်။

myan789

စီရော်နယ်လ်ဒိုက အင်္ဂလန်မြေသို့ ပြန်လာရခြင်းအပေါ် အလွန်ဝမ်းမြောက်မိကြောင်းနှင့် ပရီးမီးယားလိဂ်၏ အကြိတ်အနယ်ရှိမှုအတွက် ကျေနပ်မိကြောင်းလည်း ပြောကြားခဲ့သည်။

”ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းက (၃)မှတ်ရဖို့အတွက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ရပါတယ်။ ဒီနေ့ပွဲမှာဆိုရင် ကျွန်တော်တို့အသင်းဟာ ကျွန်တော်တို့လိုချင်တဲ့ ပုံစံကို ရဖို့အတွက် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပါတယ်။ ဒါပေမဲ့ သွင်းဂိုးတွေအတွက် ကျွန်တော်တို့ရဲ့ ယုံကြည်မှုကိုတော့ နောက်ဆုံးအချိန်အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ လက်တွဲကြမယ်၊ ကြံ့ခိုင်ကြမယ်၊ ပစ်မှတ်ထားကြမယ်”ဟု Twitter တွင် ရေးသားခဲ့သည်။

စီရော်နယ်လ်ဒိုသည် အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် မန်ယူအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ဂိုးများဆက်တိုက်သွင်းယူပေးနိုင်ခဲ့သည်။

သူသည် ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင်လည်း မန်ယူအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက စီရော်နယ်လ်ဒို၏ အသင်းအပေါ် အကျိုးပြုနိုင်စွမ်းနှင့် ကြီးမားသည့် သက်ရောက်မှုအပေါ် ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

myan789

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
494,263
Total confirmed cases
Updated on October 25, 2021 12:05 am
Advertisment

Instagram

Most Popular

နယူးကာဆယ်နည်းပြရာထူးနှင့်...

စကော့တလန်ကလပ် ရိန်းဂျားစ...

ဆိုးလ်ရှားကို ကစားသမားမျာ...

မန်ချက်စတာယူနိုက်တက်အသင်...

စီရော်နယ်လ်ဒိုနှင့် ဆာလာက...

လီဗာပူးလ်နည်းပြ ယာဂန်ကလေ...