spot_img

ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက် မန်စီးတီးတိုက်စစ်မှူး ဟော်လန်း အပြတ်အသတ်ရေပန်းစားနေပြီး ဆွန်ဟောင်မင် တတိယနေရာတွင် ရပ်တည်

မန်စီးတီးတိုက်စစ်မှူး ဟော်လန်းသည် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက် အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။

ဟော်လန်းသည် ပွဲဦးထွက်ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၂-၂၃ ရာသီမှာပင် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို စံချိန်တင်ဂိုးအရေအတွက် (၃၆)ဂိုးဖြင့် ရယူနိုင်ခဲ့သူဖြစ်သည်။

myan789

ယခုရာသီတွင်လည်း ပွဲစဉ်(၄)ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် သွင်းဂိုး(၆)ဂိုးဖြင့် ဦးဆောင်လျက်ရှိသည်။ ထို့ကြောင့် ဂိုးသွင်းဘုရင်ဆု ထပ်မံရရှိရန် ပြိုင်ဘက်များထက် အပြတ်အသတ်ရေပန်းစားနေခြင်းဖြစ်သည်။

Sky Bet မှ ထုတ် ပြန်ထားသော အလေးပေးမှုနှုန်းထားအရ ဟော်လန်းသည် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုရရှိရန် (၂း၇)လေး သတ်မှတ်ခံထားရပြီး ဒုတိယနေရာ၌ လီဗာပူးလ်တိုက်စစ်မှူး ဆာလာက (၁၄း၁)လေးသတ်မှတ်ခံထားရသည်။ ထို့ကြောင့် ဟော်လန်းနှင့် ဆာလာတို့ ကြားမှ အလေးပေးမှုနှုန်းထားသည်ပင် အလွန်အမင်းကွာဟနေပြီဖြစ်သည်။

ထူးခြားမှုမှာ ပြီးခဲ့သည့်ရာသီက ဂိုးသွင်းအများဆုံး(၁၀)ဦးစာရင်းပင် မဝင်ခဲ့သည့် စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်မှာ ယခုရာသီတွင် (၂၅း၁)လေးဖြင့် ရေပန်းစားမှုတတိယနေရာ၌ မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆွန်ဟောင်မင်သည် လက်ရှိတွင် (၃)ဂိုးသွင်းယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular