spot_img

ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်အပြီးမှာပင် မန်ယူအသင်းမှ ထွက်ခွာလိုခဲ့သည်ဟု ဆန်းချက်ဇ် ဖွင့်ဟ

ချီလီဝါရင့်တောင်ပံကစားသမား ဆန်းချက်ဇ်က မန်ယူအသင်းသို့ ပြောင်းရွှေ့ပြီးနောက် ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်အပြီးမှာပင် အသင်းမှထွက်ခွာလိုခဲ့သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၃၁)နှစ်အရွယ်ရှိ ဆန်းချက်ဇ်သည် ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ကာ မန်ယူအသင်းတွင် တစ်ရာသီခွဲကစားခဲ့သော်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

myan789

ထို့ကြောင့် မန်ယူအသင်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့တွင် ဆန်းချက်ဇ်ကို အင်တာမီလန်ထံသို့ အငှားချခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှွေှ့ကာလတွင် အင်တာမီလန်အသင်းက ၎င်းကို အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဆန်းချက်ဇ်သည် ပြီးခဲ့သည့်ကြာသပတေးနေ့က Instagram တွင် ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့ပြီး မန်ယူအသင်းတွင် ကြုံတွေ့ခဲ့သည့်အကြောင်းများကို ပြောပြခဲ့သည်။

ဆန်းချက်ဇ်က “မန်ယူအသင်းနဲ့အတူ ပြုလုပ်တဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ အရာတော်တော်များများကို ကျွန်တော် နားလည်သွားပါတယ်။ လေ့ကျင့်ရေးပြီးလို့ အိမ်ပြန်ရောက်တော့ မိသားစုတွေနဲ့ ကျွန်တော့်မန်နေဂျာကို မန်ယူအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး အာဆင်နယ်သို့ ပြန်လို့ရမလားလို့ ကျွန်တော် မေးခဲ့တာပါ။ မန်ယူအသင်းနဲ့ ကျွန်တော် အံမဝင်ပါဘူး။ ဒါပေမဲ့ စာချုပ်ချုပ်က ချုပ်ပြီးသား ဖြစ်နေတယ်။ ဒီတော့ မန်ယူအသင်းမှာ လတွေသာ ကြာလာတယ်။ ကျွန်တော့်အနေနဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်တုန်းကလို ခံစားနေရတုန်းပဲ။ ပြီးတော့ အဲဒီအချိန်က မန်ယူအသင်းက အသင်းလိုက်စည်းလုံးညီညွှတ်မှုလည်း မရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆန်းချက်ဇ်က မိမိတို့အကြောင်းကို သေချာမသိဘဲ မီဒီယာများက မန်ယူကစားသမားဟောင်း ဝေဖန်ခဲ့ခြင်းကြောင့် မိမိအနေဖြင့် နာကျင်စွာခံစားခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။

ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် (၁)ခွဲအတွင်း ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၅)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular